




credit – Myanmarload

Unicode

အသက် (၆၄)နှစ်လို့မထင်ရလောက်အောင်ကို အရွယ်တင်နုပျိုလွန်းတဲ့ချစ်မေမေနဲ့အတူ Live လွှင့်ခဲ့တဲ့ နိုင်းနိုင်းညီမလေး ဖူးဖူးရဲ့ဗီဒီယို

သရုပ်ဆောင်မင်းသားချော နိုင်းနိုင်းရဲ့ညီမလေးဖြစ်တဲ့ ဖူးဖူးကတော့ သူမကိုယ်တိုင်လည်း သရုပ်ဆောင်မင်းသမီးအဖြစ် အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းသူလေး ဖြစ်ပါတယ် ။ ဖူးဖူးက သရုပ်ဆောင်တော်သလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေအများအပြား ရိုက်ကူးပြီး နာမည်ရခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖူးဖူးက ချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ရင်း ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

ဖူးဖူးရဲ့အစ်ကိုနိုင်းနိုင်းကတော့ မြန်မာပြည်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်သလို တစ်ခါတလေမှာလည်း သူ့မိသားစုရှိရာ နိုင်ငံခြားကိုပြန်လေ့ရှိတာ ဖြစ်ပါတယ် ။ ဖူးဖူးက အစ်ကိုနိုင်းနိုင်းနဲ့ အမှတ်တရပုံလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာမကြာခဏမျှဝေပေးတတ်တာ ဖြစ်ပါတယ် ။ မနေ့ကတော့ ဖူးဖူးက သူမအရမ်းချစ်ရတဲ့ ချစ်မေမေကို ပရိသတ်တွေနဲ့မိတ်ဆက်ပေးပြီး ပျော်ပျော်ပါးပါး Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။

အသက် (၆၄) နှစ်ရှိပြီဖြစ်တဲ့ ဖူးဖူးနဲ့နိုင်းနိုင်းတို့ရဲ့ချစ်မေမေကတော့ ရှိရင်းစွဲအသက်အရွယ်ထက်တောင် နုပျိုလှပနေတာ ဖြစ်ပါတယ် ။ ဖူးဖူးကတော့ သူမရဲ့မေမေနဲ့စကားပြောရင်း ပျော်ရွှင်နေသလို မေမေ့ကိုဆေးတိုက်ပေးရင်း ကြင်ကြင်နာနာလေး ဂရုစိုက်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖူးဖူးနဲ့ သူမရဲ့ချစ်မေမေတို့ရဲ့Live ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Phoo Phoo

credit – Myanmarload

  • Leave a Comment

Categories