



Source : Ah Moon

credit – Myanmarload

Unicode

ကချင်ရိုးရာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီနေကြပြီးအစစအရာရာဂရုစိုက်ပေးတတ်တဲ့ ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာပျော်ရွှင်နေတဲ့ အမွန်း

အဆိုတော်အမွန်းကတော့ လွတ်လပ်စွာပြောဆိုနေထိုင်တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ အချိန်အတော်ကြာလက်တွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီပဲဖြစ်ပါတယ်။သူမကတော့ ကချင်ရိုးရာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီနေကြပြီးအစစအရာရာဂရုစိုက်ပေးတတ်တဲ့ ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

သူမကတော့ “ ကချင်ရိုးရာထုံးတမ်းစဉ်လာအတိုင်း လူကြီးစုံရာနဲ့ သတို့သမီးကို လာရောက်တောင်းရမ်းသောနေ့ “ အမှတ်တရ Kachin traditional asking for her hand in marriage “ ceremony !သူမကတော့ သူ့ကို နှစ်ဖက်သောကချင်မိဘတွေ ပေးထားကြတဲ့ ကချင်နာမည်က Lahtaw Zau Lawn , အမွန်းကတော့ Marip အမျိုးဖြစ်တယ်ဆိုတော့ကာ ဗမာလိုပေါင်းရင် “မရစ်”ပေါ့နော်, ကျမ မရစ်တတ်ပါ , တည့်ပဲပြောတတ်ပါတယ် “ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ကချင်ရိုးရာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီနေကြပြီး တစ်ယောက်ကိုတစ်ယောက်ကြင်နာဂရုစိုက်ပေးနေကြတဲ့ အမွန်းတို့စုံတွဲရဲ့ ပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော် အမွန်းတို့ဇနီးမောင်နှံရဲ့ ကြည်နူးပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Ah Moon

credit – Myanmarload

  • Leave a Comment

Categories