သမီးေလးေပၚကို မ်က္ႏွာၾကက္ႀကီးျပဳတ္က်လို႔ အေရးေပၚေဆး႐ုံကို ညတြင္းခ်င္းတင္ခဲ့ရၿပီး ေဘးကေနဂ႐ုစိုက္ေပးေနတဲ့ မင္းညီ

သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ မင္းညီကေတာ့ တစ္ေခတ္တစ္ခါကတည္းက အႏုပညာလမ္းေပၚေလွ်ာက္လွမ္းခဲ့တာျဖစ္လို႔ အႏုပညာအရည္အေသြးေတြျပည့္ဝေနတာျဖစ္ပါတယ္။မင္းညီက ဗီဒီယိုဇာတ္ကားေတြအမ်ားအျပားမွာလည္း က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္ေနာ္။မင္းညီကေတာ့ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ရင္း မိသားစုကိုလည္း ဂ႐ုစိုက္ေပးေနတာျဖစ္ပါတယ္။

မင္းညီက သားႏွစ္ေယာက္၊သမီးတစ္ေယာက္ရွိၿပီး ကေလးေတြကလည္း အရမ္းခ်စ္စရာေကာင္းၾကပါတယ္ေနာ္။မင္းညီတို႔ဇနီးေမာင္ႏွံကလည္း ကေလးေတြကို ေသခ်ာဂ႐ုစိုက္ၿပီး မိဘေမတၱာအျပည့္အဝေပးၾကတာျဖစ္ပါတယ္။မေန႔ကညမွာေတာ့ မင္းညီရဲ႕အိမ္က မ်က္ႏွာၾကက္က သမီးေလးေပၚကို ျပဳတ္က်လာခဲ့လို႔ လူနာတင္ယာဥ္ေတြေခၚၿပီး ေဆး႐ုံကိုအေရးေပၚသြားခဲ့ရတာျဖစ္ပါတယ္ေနာ္။

မင္းညီကေတာ့”သမီးေလးကို အေရးေပၚ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ မွာ…တင္ထားပါတယ္…အသက္အႏၲရာယ္ မစိုးရိမ္ရဘူးလို႔..သိရပါတယ္…စိတ္ေတာ့ မခ်ရ ေသးေပမယ့္…စိတ္ပူေပးၾကတာ…ေက်းဇူးပါ….သတိေတာ့ရေနပါၿပီ….Comment ေတြ မျပန္ႏိူင္တာ ေတာင္းပန္ပါတယ္ ေနာ္…”ဆိုၿပီး သမီးေလးရဲ႕အေျခအေနကို မိတ္ေဆြေတြထံ ေျပာျပခဲ့တာျဖစ္ပါတယ္။မင္းညီရဲ႕သမီးေလးလည္း ဘာမွမျဖစ္ဘဲ အျမန္ဆုံးသက္သာလာႏိုင္ပါေစေနာ္။

Source and Photo Credit:Min Nyi

credit – Myanmarload

Unicode

သမီးလေးပေါ်ကို မျက်နှာကြက်ကြီးပြုတ်ကျလို့ အရေးပေါ်ဆေးရုံကို ညတွင်းချင်းတင်ခဲ့ရပြီး ဘေးကနေဂရုစိုက်ပေးနေတဲ့ မင်းညီ

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလမ်းပေါ်လျှောက်လှမ်းခဲ့တာဖြစ်လို့ အနုပညာအရည်အသွေးတွေပြည့်ဝနေတာဖြစ်ပါတယ်။မင်းညီက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နော်။မင်းညီကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း မိသားစုကိုလည်း ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။

မင်းညီက သားနှစ်ယောက်၊သမီးတစ်ယောက်ရှိပြီး ကလေးတွေကလည်း အရမ်းချစ်စရာကောင်းကြပါတယ်နော်။မင်းညီတို့ဇနီးမောင်နှံကလည်း ကလေးတွေကို သေချာဂရုစိုက်ပြီး မိဘမေတ္တာအပြည့်အဝပေးကြတာဖြစ်ပါတယ်။မနေ့ကညမှာတော့ မင်းညီရဲ့အိမ်က မျက်နှာကြက်က သမီးလေးပေါ်ကို ပြုတ်ကျလာခဲ့လို့ လူနာတင်ယာဉ်တွေခေါ်ပြီး ဆေးရုံကိုအရေးပေါ်သွားခဲ့ရတာဖြစ်ပါတယ်နော်။

မင်းညီကတော့”သမီးလေးကို အရေးပေါ် ဦးနှောက်နဲ့ အာရုံကြော မှာ…တင်ထားပါတယ်…အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့..သိရပါတယ်…စိတ်တော့ မချရ သေးပေမယ့်…စိတ်ပူပေးကြတာ…ကျေးဇူးပါ….သတိတော့ရနေပါပြီ….Comment တွေ မပြန်နိူင်တာ တောင်းပန်ပါတယ် နော်…”ဆိုပြီး သမီးလေးရဲ့အခြေအနေကို မိတ်ဆွေတွေထံ ပြောပြခဲ့တာဖြစ်ပါတယ်။မင်းညီရဲ့သမီးလေးလည်း ဘာမှမဖြစ်ဘဲ အမြန်ဆုံးသက်သာလာနိုင်ပါစေနော်။

Source and Photo Credit:Min Nyi

credit – Myanmarload

  • Leave a Comment

Categories