credit – Myanmarload
Unicode
မွေးနေ့လက်ဆောင် မပေးတဲ့အပြင် အစ်မဖြစ်သူ နန္ဒာလှိုင်ပေးတဲ့ ပစ္စည်းတွေကို သူပေးတာဆိုပြီး လိမ်ပြောတဲ့ ချစ်သူ မောင်ကို ဆေးထိုးစနောက်လိုက်တဲ့ ရီရီပွင့်ဖြူ
ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ရီရီပွင့်ဖြူကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျရောက်တဲ့ မွေးနေ့မှာ ချစ်ရသူတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းခဲ့တာပါ။ ရီရီက စိတ်သဘောထား ပြည့်၀ပြီး ရင်းနှီးဖော်ရွေသူဖြစ်လို့ အများက ချစ်ခင်ကြတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားထားသည့်တိုင်အောင် ပရိသတ်အားပေး ချစ်ခင်မှုကို ရရှိနေဆဲဖြစ်ပါတယ်။
ရီရီက သရုပ်ဆောင် မင်းသားချော မောင်နဲ့အတူ ကြည်နူးပျော်ရွှင်စရာ အချစ်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပြီး ချစ်သူသက်တမ်းကလည်း အတော်လေးကို ကြာမြင့်နေပါပြီ။ မိဘတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ သူတို့နှစ်ယောက်က အမြဲ တတွဲတွဲနဲ့ ပျော်ရွှင်စရာကောင်းပြီး လူမှုကွန်ယက်ထက်မှာလည်း Romantic ဆန်လေ့ရှိသူတွေပါ။
လွန်ခဲ့တဲ့ ရက်ပိုင်းက ကျရောက်ခဲ့တဲ့ ရီရီရဲ့ မွေးနေ့လေးမှာလည်း ချစ်သူလေး မောင်က တစ်နေ့လုံးအနားနားမှာ ရှိနေပေးတာဖြစ်ပြီး အမှတ်တရတွေကို ဖန်တီးပေးခဲ့တာပါ။ ဒါပေမယ့် ရီရီကို မွေးနေ့လက်ဆောင်မပေးတာကြောင့် ” စိန်စိန်တို့များ မွေးနေ့လက်ဆောင်ဘာမှမပေးတဲ့အပြင် အမတွေပေးတဲ့လက်ဆောင်ကို သူပေးတာပါဆိုပြီး ဖောရှောတွေလုပ်တာနော် ဟွင်း ဟွင်း မသိရင်ခက်မယ် အလိမ်လေးရှိလား ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ စနောက်ထားတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်…..။
သတင်းအရင်းမြစ်: Photo credit – Yi Yi Pwint Phyu
credit – Myanmarload