ႏိုင္ငံေက်ာ္ အကယ္ဒမီမင္းသမီးေတြျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႔အတူတူ ႐ိုက္ကူးေရးလုပ္ခြင့္ရလို႔ ဂုဏ္ယူေနရတဲ့ ပန္းေရာင္ျခယ္

ႏိုင္ငံေက်ာ္ စတူဒီယိုေတးသံရွင္ ဂေရဟမ္ရဲ႕ သမီးႀကီးျဖစ္သူ ပန္းေရာင္ျခယ္ကေတာ့ ႏိုက္တင္ေဂးငွက္ေလးလို သာယာၾကည္ေအးတဲ့ အသံေလးကို ပိုင္ဆိုင္ထား႐ုံသာမက ျမင္သူတိုင္း ခ်စ္ခင္ရတဲ့ မ်က္ႏွာလွလွေလးကိုပါ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ပန္းေရာင္ျခယ္က သူမဖခင္ရဲ႕ ေျခရာကိုနင္းၿပီး အဆိုေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ ေၾကာ္ျငာေတြကိုပါ ႐ိုက္ကူးေနၿပီး “လိပ္ျပာ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။

ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပီပီ အႏုပညာလႈပ္ရွားမႈေတြ အဆက္မျပတ္လုပ္ကိုင္ေနရတဲ့ ပန္းေရာင္ျခယ္က ဒီကေန႔မွာေတာ့ ႏိုင္ငံေက်ာ္ အကယ္ဒမီမင္းသမီးႀကီးေတြျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႔အတူတူ အလွကုန္ပစၥည္းေၾကာ္ျငာတစ္ခုကို ႐ိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ လွလည္းလွ၊ ၾကင္လည္းၾကင္နာၿပီး ဂ်ဴနီယာေလးတစ္ေယာက္ကို ေႏြးေႏြးေထြးေထြးႀကိဳဆိုၾကတဲ့ စီနီယာမင္းသမီးေတြနဲ႔ အလုပ္လုပ္ခြင့္ရလို႔ သူမကိုယ္သူမ ဂုဏ္ယူေနတာပဲ ျဖစ္ပါတယ္။

ပန္းေရာင္ျခယ္ကေတာ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႔အတူတူ ႐ိုက္ကြင္းေပၚက အမွတ္တရေလးကို မွ်ေဝရင္း သူမရဲ႕ မေမ့ႏိုင္တဲ့ အမွတ္တရေလးကို ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပန္းေရာင္ျခယ္၊ အိျႏၵာေက်ာ္ဇင္နဲ႔ ဝတ္မႈံေ႐ႊရည္တို႔ရဲ႕ ေၾကာ္ျငာေလး ထြက္ရွိလာရင္ အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Video ၾကည့္ရန္

ဆယ္လီကြန္နက္ရွင္

Unicode

နိုင်ငံကျော် အကယ်ဒမီမင်းသမီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ကူးရေးလုပ်ခွင့်ရလို့ ဂုဏ်ယူနေရတဲ့ ပန်းရောင်ခြယ်

နိုင်ငံကျော် စတူဒီယိုတေးသံရှင် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ နိုက်တင်ဂေးငှက်လေးလို သာယာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားရုံသာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပန်းရောင်ခြယ်က သူမဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်ကိုင်နေရတဲ့ ပန်းရောင်ခြယ်က ဒီကနေ့မှာတော့ နိုင်ငံကျော် အကယ်ဒမီမင်းသမီးကြီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ အလှကုန်ပစ္စည်းကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ လှလည်းလှ၊ ကြင်လည်းကြင်နာပြီး ဂျူနီယာလေးတစ်ယောက်ကို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ စီနီယာမင်းသမီးတွေနဲ့ အလုပ်လုပ်ခွင့်ရလို့ သူမကိုယ်သူမ ဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ကွင်းပေါ်က အမှတ်တရလေးကို မျှဝေရင်း သူမရဲ့ မမေ့နိုင်တဲ့ အမှတ်တရလေးကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်၊ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်

  • Leave a Comment

Categories