



Cele Zone

Unicode

ညီမလေးကိုချစ်လွန်းလို့ လက်ကမချနိုင်ဖြစ်နေပြီး မေမေ့ကို ထပ်မွေးပေးဦးလို့ပူဆာလိုက်တဲ့ အိတုန်ရဲ့သမီးအကြီးလေး

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ချစ်စရာသမီးငယ်လေးကိုမွေးဖွားခဲ့တဲ့အိတုန်တစ်ယောက် ချစ်သမီးလေးနှစ်ယောက်ရသွားခဲ့ပြီမို့လို့ ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။ သမီးအကြီးလေးကလည်း ညီမလေးကိုသိပ်ချစ်ပြီး လက်ကမချနိုင်လောက်အောင်ကို ထွေးပွေ့နေခဲ့ပါ တယ်။ သမီးငယ်လေးမမွေးခင်မှာလည်း မိသားစုအတွက် ကိုယ်ပိုင်အိမ်လေး လိုချင်ခဲ့တဲ့ အိတုန်ရဲ့ဆန္ဒတွေဟာပြည့်ဝခဲ့ပါတယ်။

မိဘနှစ်ပါးလုံးကအလုပ်တွေကြိုးစားပြီး စုဆောင်းတတ်ကြသူတွေမို့ ညီမနှစ်ယောက်ရဲ့ အနာဂတ်ကတော့ လုံခြုံနွေးထွေးမှာ အသေအချာပါပဲ။ ချစ်သမီးလေးနှစ်ယောက်နဲ့အတူ ပျော်စရာမိသားစုလေးပိုင်ဆိုင်နိုင်ခဲ့ပြီမို့ အိတုန်တစ်ယောက် Happy Mother ဖြစ်နေခဲ့ပါပြီ။ ဂရုစိုက်တတ်တဲ့ ခင်ပွန်းကလည်း မိသားစုကိုသိပ်ချစ်ပြီး တန်ဖိုးထားသူတစ်ယောက်ပါ။

သမီးနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” အမောပြေလေး ချစ်တုန်းနှစ်ယောက်ချစ်တာတော် သမီးကြီးကဘာပြောတယ် မှတ်လဲမေမေထပ်မွေးပေးဦးတဲ့ မေမေကမွေးလို့မရတော့ဘူးလို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဒီသမီးလေးတွေကြောင့်ပဲ အိတုန်ရဲ့ဘဝကပိုပြီးအဓိပ္ပါယ်ပြည့်စုံလာခဲ့ရပါတယ်။

Cele Zone

  • Leave a Comment

Categories