



Source: Soe Yan Aung


credit – Myanmarload

Unicode

မွေးခါနီးလို့ဗိုက်လေးပိုပူလာတဲ့ ချစ်ဇနီးကိုပျော်ရွှင်စိတ်ချမ်းသာအောင် ဖန်တီးပေးရင်း ပထမဆုံးရင်သွေးလေးအတွက် ရင်ခုန်နေတဲ့စိုးရန်အောင်

သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင်သက်သခင်တို့စုံတွဲကတော့ နှစ်အတော်ကြာအောင် ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပြီးမှ အိမ်ထောင်သည်ဘဝကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ထပ်ထိမ်းမြားပြီး ပျော်ရွှင်စွာနေထိုင်ကြတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံက အခုဆိုရင် မိသားစုဝင်အသစ်လေးတောင် ရရှိတော့မှာ ဖြစ်ပါတယ် ။ စိုးရန်အောင်ရဲ့ဇနီးသက်သခင်က ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကိုကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ် ။

သက်သခင်ရဲ့ကိုယ်ဝန်က (၉)လထဲကိုရောက်ရှိလာပြီဖြစ်လို့ မကြာခင်အချိန်မှာပဲ သူတို့ဇနီးမောင်နှံရဲ့ပထမဆုံးသားလှရတနာလေးကို ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ စိုးရန်အောင်ကတော့ နေစေ့လစေ့ဖြစ်နေတဲ့ကိုယ်ဝန်သည်ဇနီးသည်ကို စိတ်ချမ်းသာပျော်ရွှင်အောင်ထားပြီး ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း သက်သခင်က “Daddy နဲ့ Mommyရဲ့ဘဝထဲ မကြာခင်ရောက်ရှိလာတော့မယ့် သားသားလေးကို ရင်ခုန်စွာနဲ့စောင့်မျှော်နေပါတယ်” ဆိုပြီး ပုံလေးကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

စိုးရန်အောင်ကလည်း “သူဗိုက်လေးနဲ့အမှတ်တရပုံလေးတွေ ရိုက်ချင်တယ်ဆိုတော့လည်း သူ ပျော်ရွှင်စိတ်ချမ်းသာအောင် ဖန်တီးပေးရတာပေါ့ဗျာ….!!!ဓါတ်ဆရာ ဦးဝေယံ Wai Yan Myo Aung ကျေးဇူးအထူးတင်မိ ” ဆိုပြီး ချစ်ဇနီးကိုပျော်အောင်ထားထားတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ မွေးခါနီးလို့အရင်ကထက် ဗိုက်ကလေးပိုပိုပူလာတဲ့ ချစ်ဇနီးကို စိုးရန်အောင်ကလည်း အရမ်းတွေချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးရန်အောင်နဲ့ သက်သခင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Soe Yan Aung

Photo Credit- Wai Yan Myo Aung

credit – Myanmarload

  • Leave a Comment

Categories