




credit – Myanmarload

Unicode

စင်ပေါ်ကိုတက်ပြီးနီနီခင်ဇော်ရဲ့ဂါဝန်စကိုပတ်ကာပျော်ရွှင်နေတဲ့သမီးငယ်လေးကိုဓာတ်ပုံအမိအရရိုက်ကာမှတ်တမ်းတင်ထားတဲ့ ကျားပေါက်

ဆယ်စုနှစ် နှစ်စုတိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားသူကတော့ အဆိုတော် ဟန်ထူးလွင်ပဲ ဖြစ်ပါတယ်။ သူဟာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ ဝါသနာပါလွန်းတဲ့ ဂီတအလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သီချင်းတွေကိုလည်း ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူဖြစ်ပြီး တေးစီးရီးAlbumတွေလည်း ထွက်ရှိထားသူပါ။

သူ့ကိုတော့ ပရိသတ်တော်တော်များများက ကျားပေါက်လို့လည်း ချစ်စနိုးနဲ့ခေါ်ဆိုကြပြီး သီဆိုတဲ့ သီချင်းတိုင်းကို တစ်ခဲနက် အားပေးနေကြတာပါ။ လတ်တလောမှာလည်း The Voice Myanmar Season 3 မှာ ဒိုင်အဖြစ်နဲ့ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ဟန်ထူးလွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေတင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ စင်ပေါ်ကိုတက်ပြီးနီနီခင်ဇော်ရဲ့ဂါဝန်စကိုပတ်ကာပျော်ရွှင်မြူးတူးနေတဲ့သမီးငယ်လေးကိုဓာတ်ပုံအမိအရရိုက်ကာမှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ သမီးငယ်လေးဟာ နီနီခင်ဇော်ရဲ့ biggest fan လို့လည်းရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် Sweet Cho လေးရဲ့ ပုံလေးတွေကိုပါ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Han Htun Lwin

credit – Myanmarload

  • Leave a Comment

Categories