credit – Myanmarload
Unicode
စကပ်အတိုလေးဝတ်ထားပေမယ့် အလှတရားတွေနည်းနည်းလေးမှမပေါ်သွားအောင်လို့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကတတ်နေတဲ့ ဖြူဖြူထွေးရဲ့ Tik Tok
ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာဆိုရင် ကြော်ငြာတွေအများအပြားကို လက်ခံရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးက အနုပညာအလုပ်တွေကို ဝါသနာအရကြိုးစားလုပ်ဆောင်လို့ ပရိသတ်တွေကလည်း လက်ခံအားပေးလာကြတာပဲဖြစ်ပါတယ်နော်။ဖြူဖြူထွေးရဲ့ မိဘတွေကလည်း သမီးလေးကြောင့် စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်စွာ နေထိုင်နေရတာပဲဖြစ်ပါတယ်။
ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးထားပြီး အနုပညာနယ်ပယ်မှာ နေရာအနှံ့ ခြေဆန့်နိုင်နေပြီဖြစ်ပါတယ်။အနုပညာအလုပ်တွေပါးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း ဖြူဖြူထွေးကသူမနဲ့အတူ ကြော်ငြာတွေခေါ်ရိုက်တာဖြစ်ပါတယ်နော်။စိတ်သဘောထားလည်းပြည့်ဝပြီး ပွင့်လင်းရိုးသားတဲ့ ဖြူဖြူထွေးကို အနုပညာလောကသားတွေကလည်း ချစ်ခင်နေကြတာဖြစ်ပါတယ်။
ဖြူဖြူထွေးက Tik Tokတွေလည်း မကြာခဏဆော့ကစားပြီး လူငယ်ပီပီ ကကွက်အဆန်းတွေလည်း ထွင်တတ်ပါသေးတယ်နော်။အခုဆိုရင်လည်း ဖြူဖြူထွေးက အမိုက်စားသီချင်းနဲ့ တက်တက်ကြွကြွလေးကပြီး Tik Tokကစားထားတာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ စကပ်အတိုလေးဝတ်ထားပေမယ့် အလှတရားတွေနည်းနည်းလေးမှ မပေါ်သွာအောင် ကတတ်လို့ သူမရဲ့ Tik Tokဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source and Video Credit:Phyu Phyu Htwe
credit – Myanmarload