




credit – Myanmarload

Unicode

ဆော့ကစားစရာ အိမ်သေးသေးလေးထဲမှာ ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ အသည်းယားစရာကောင်းနေတဲ့ Treasure လေး

သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ချစ်သမီးလေး Treasureနဲ့ခင်ပွန်းကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်ပါတယ်နော်။ ကိုသီဟလွင်ကလည်း ချစ်ဇနီးချောလေးကို အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး နားလည်မှုအပြည့်အဝပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်နဲ့သီဟလွင်တို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီပြီး အရမ်းချစ်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ် အများက သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။

စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကတော့ သမီးချောလေး Treasure ကိုလည်း အမြဲဂရုစိုက်စောင့်ရှောက်ပေးကြပြီး မိသားစုသုံးယောက် သာယာနွေးထွေးနေကြတာဖြစ်ပါတယ်။ Treasure လေးကလည်း တစ်နေ့တခြားပိုပိုချစ်ဖို့ကောင်းလာပြီး အမေတူလေးဖြစ်လာတာပါနော်။ အခုဆိုရင်တော့ Treasure လေးက ဆော့ကစားစရာ အိမ်သေးသေး​လေးထဲမှာ ငြိမ်ငြိမ်လေးထိုင်ကာ အသည်းယားစရာကောင်းနေတာပါ။

အသက်၁နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ Treasure လေးရဲ့ လှုပ်ရှားမှုတိုင်းက ဖေဖေ မေမေတို့ကို အချစ်ပိုစေတာဖြစ်ပြီး ယနေ့မြင်ရတဲ့ ပုံစံလေးကလည်း ရင်ကို ထိမှန်စေမှာပါ။ Treasure လေးရဲ့ ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ အသည်းယားစရာပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက စန္ဒီမြင့်လွင်တို့မိသားစုလေးကို ဆက်ပြီး အားပေးလိုက်ကြပါဦးနော်….. ။

သတင်းအရင်းမြစ်: Photo credit – Khin Lin Htin – Treasure

credit – Myanmarload

  • Leave a Comment

Categories