




credit – Myanmarload

Unicode

အရမ်းချစ်ရတဲ့ Idol မကစ်က တန်ဖိုးကြီးရတနာပစ္စည်းလေးကို သူမအတွက်လက်ဆောင်ပေးလို့ အတိုင်းမသိပျော်ရွှင်နေတဲ့ မြတ်ရတနာကျော်

မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ အဆိုတော်အာဘွိုင်းရဲ့ချစ်ဇနီးချောလေးပဲ ဖြစ်ပါတယ် ။ မြတ်ရတနာကျော်က အာဘွိုင်းနဲ့လက်ထပ်ပြီး ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ကလေးမေမေလို့တောင် ထင်ရက်စရာမရှိတဲ့ မြတ်ရတနာကျော်က ကိုယ်လုံးလေးကလည်းသွယ်လျလှပနေသလို မျက်နှာလေးကလည်း အရမ်းကိုပျိုမျစ်နုနယ်နေတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ မြတ်ရတနာကျော်က Live Sale လေးတွေလုပ်ကိုင်နေပြီး အောင်မြင်မှုရနေတာလည်း ဖြစ်ပါတယ် ။ သူမရဲ့လှုပ်ရှားမှုတွေကို အမြဲမျှဝေပေးတတ်တဲ့ မြတ်ရတနာကျော်က အခုလည်း ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ထားတာ ဖြစ်ပါတယ် ။ မြတ်ရတနာကျော်က သူမချစ်ရတဲ့ မကစ်ဆီကနေ လက်ဆောင်ရလိုက်တဲ့ပစ္စည်းလေးကို ထုတ်ပြလိုက်ပြီး ဗီဒီယိုရိုက်ကာ မျှဝေထားတာပဲ ဖြစ်ပါတယ် ။

တန်ဖိုးကြီးရတနာပစ္စည်းလေးကို မကစ်က သူမအတွက်လက်ဆောင်ပေးတာကြောင့် မြတ်ရတနာကျော်တစ်ယောက် အတိုင်းမသိပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။ မြတ်ရတနာကျော်က ရွှေကစ်ကိုသူမရဲ့Idol အဖြစ်သတ်မှတ်ထားပြီး အရမ်းကိုချစ်ခင်အားပေးနေတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းလှတဲ့လက်ဆောင်လေးအတွက် ရွှေကစ်ကိုကျေးဇူးတင်နေတဲ့ မြတ်ရတနာကျော်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Myat Yadanar Kyaw

credit – Myanmarload

  • Leave a Comment

Categories