ပိုင္ေဇရဲထြန္းတို႔အိမ္ကို ဝက္သားေပါင္းသြားပို႔ေပးရင္း ဘာမွမလိမ္းထားတာေတာင္အိမ္မွာေနၿပီးလွေနတဲ့ ဇင္သဲႏိုင္နဲ႔ဓာတ္ဖမ္းခဲ့တဲ့စည္သူေမာင္

မင္းသားေခ်ာ စည္သူေမာင္ကေတာ့ ဗီဒီယိုနဲ႔႐ုပ္ရွင္ဇာတ္ကားႀကီးေတြ႐ိုက္ကူးသလို Presenter အျဖစ္လည္း လုပ္ကိုင္ေနသူတစ္ဦး ျဖစ္ပါတယ္ ။ စည္သူေမာင္က ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး မိတ္ေဆြ၊သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သူဆိုရင္လည္း မမွားပါဘူးေနာ္။ စည္သူေမာင္က မင္းသားေခ်ာေလး ပိုင္ေဇရဲထြန္းနဲ႔ဆိုရင္လည္း တကယ့္ညီအစ္ကိုအရင္းအခ်ာေတြပမာ ရင္းႏွီးေနတာ ျဖစ္ပါတယ္ ။

စည္သူေမာင္က သူငယ္ခ်င္းပိုင္ေဇရဲထြန္းနဲ႔သာမက သူ႔ရဲ႕ဇနီးဇင္သဲႏိုင္နဲ႔ပါ အရမ္းကိုခင္မင္ေနတာပဲ ျဖစ္ပါတယ္ ။ မိသားစုဝင္ေတြလိုေတာင္ျဖစ္ေနၾကတဲ့ စည္သူေမာင္နဲ႔ ပိုင္ေဇရဲထြန္းတို႔ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီၾကသလို အခ်င္းခ်င္းလည္း စေနာက္က်ီစယ္ေလ့ရွိၾကတာ ျဖစ္ပါတယ္ ။ အခုလည္း စည္သူေမာင္က ပိုင္ေဇရဲထြန္းတို႔အိမ္ကို ဝက္သားေပါင္းသြားပို႔ေပးရင္း ဇင္သဲႏိုင္နဲ႔ ခဏတျဖဳတ္ ဓာတ္ဖမ္းခဲ့တာ ျဖစ္ပါတယ္။

ဇင္သဲႏိုင္ကေတာ့ စည္သူေမာင္ေရာင္းခ်တဲ့ဝက္သားေပါင္းကို မွာယူအားေပးခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ စည္သူေမာင္က “ပထမေန႔က လက္ေဆာင္ တစ္ပြဲသြားပို႔ေပးတာ စားေကာင္းလို႔ဆိုၿပီး ၂ ပြဲ ထပ္အားေပးတဲ့အိမ္ေနရင္း နထရယ္ဘူးတီးေနတဲ့ ေမတ်ဲ ႏွင့္ “ ၿဖိဳး ဝက္သားေပါင္း “ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စည္သူေမာင္နဲ႔ ပိုင္ေဇရဲထြန္းရဲ႕ဇနီးဇင္သဲႏိုင္တို႔ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Si Thu Maung

credit – Myanmarload

Unicode

ပိုင်ဇေရဲထွန်းတို့အိမ်ကို ဝက်သားပေါင်းသွားပို့ပေးရင်း ဘာမှမလိမ်းထားတာတောင်အိမ်မှာနေပြီးလှနေတဲ့ ဇင်သဲနိုင်နဲ့ဓာတ်ဖမ်းခဲ့တဲ့စည်သူမောင်

မင်းသားချော စည်သူမောင်ကတော့ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးသလို Presenter အဖြစ်လည်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ် ။ စည်သူမောင်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဆိုရင်လည်း မမှားပါဘူးနော်။ စည်သူမောင်က မင်းသားချောလေး ပိုင်ဇေရဲထွန်းနဲ့ဆိုရင်လည်း တကယ့်ညီအစ်ကိုအရင်းအချာတွေပမာ ရင်းနှီးနေတာ ဖြစ်ပါတယ် ။

စည်သူမောင်က သူငယ်ချင်းပိုင်ဇေရဲထွန်းနဲ့သာမက သူ့ရဲ့ဇနီးဇင်သဲနိုင်နဲ့ပါ အရမ်းကိုခင်မင်နေတာပဲ ဖြစ်ပါတယ် ။ မိသားစုဝင်တွေလိုတောင်ဖြစ်နေကြတဲ့ စည်သူမောင်နဲ့ ပိုင်ဇေရဲထွန်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြသလို အချင်းချင်းလည်း စနောက်ကျီစယ်လေ့ရှိကြတာ ဖြစ်ပါတယ် ။ အခုလည်း စည်သူမောင်က ပိုင်ဇေရဲထွန်းတို့အိမ်ကို ဝက်သားပေါင်းသွားပို့ပေးရင်း ဇင်သဲနိုင်နဲ့ ခဏတဖြုတ် ဓာတ်ဖမ်းခဲ့တာ ဖြစ်ပါတယ်။

ဇင်သဲနိုင်ကတော့ စည်သူမောင်ရောင်းချတဲ့ဝက်သားပေါင်းကို မှာယူအားပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် စည်သူမောင်က “ပထမနေ့က လက်ဆောင် တစ်ပွဲသွားပို့ပေးတာ စားကောင်းလို့ဆိုပြီး ၂ ပွဲ ထပ်အားပေးတဲ့အိမ်နေရင်း နထရယ်ဘူးတီးနေတဲ့ မေတျဲ နှင့် “ ဖြိုး ဝက်သားပေါင်း “ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူမောင်နဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီးဇင်သဲနိုင်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Si Thu Maung

credit – Myanmarload

  • Leave a Comment

Categories