




credit – Myanmarload

Unicode

ပုတီးစိပ်နေတဲ့ ဖေဖေ့ပေါ်မှာ တစ်စက်ကလေးမှမငိုဘဲ ငြိမ်ငြိမ်လေးနေကာ အသည်းယားစရာကောင်းနေတဲ့ မစ်မစ်တုန်လေး

ချစ်ရတဲ့ ဇနီး ၊ ကလေးသုံးယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ အဆိုတော် R ဇာနည်ပဲ ဖြစ်ပါတယ်။ သူဟာ နိုင်ငံကျော်အဆိုတော်တစ်ယောက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်စွာနဲ့ ရပ်တည်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Select an imageသူ့ရဲ့ သမီးအငယ်ဆုံးလေး မစ်မစ်တုန်ကိုလည်း ပရိသတ်တွေများသာမကဘဲ အနုပညာသမားအချင်းချင်းကပါ အသည်းတွေယားပြီး ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သမီးလေးဖြစ်တာကြောင့်လည်း တစ်အိမ်လုံးက သည်းသည်းလှုပ် ချစ်နေကြတာပါ။ မနေ့ညကလည်း R ဇာနည်ရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ မစ်မစ်တုန်လေးကိုပွေ့ချီထားပြီး အသည်းတယားယားနဲ့အားရပါးရနမ်းကာ အချစ်တွေပိုနေတဲ့ ဖေဖေR ဇာနည်ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ သမီးလေးကလည်း ဖေဖေ့ပေါ်မှာတစ်စက်ကလေးမှမငိုဘဲ ငြိမ်ငြိမ်လေးနေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zarni Myo Nyunt

credit – Myanmarload

  • Leave a Comment

Categories