credit – Myanmarload
Unicode
မွေးနေ့အထိမ်းအမှတ်အဖြစ်မတော်ရသေးတဲ့ယောင်းမလေးကိုယ်တိုင်ကင်ထားတဲ့ ကျောက်ပုစွန်တွေပို့ပေးခဲ့တာကြောင့်ပျော်ရွှင်နေတဲ့ နန္ဒာလှိုင်
အနုပညာလောကမှ အနားယူလိုက်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ယနေ့ချိန်အထိ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားပြီး ပရိသတ်တွေကလည်း နန္ဒာရဲ့ မိသားစုဘဝလေးကို အားကျနေကြတာပါ။
နန္ဒာလှိုင်ဟာ မိသားစုကို ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးပေးရုံတင်မကဘဲ စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေသိရှိရအောင် ဝေမျှပေးတတ်ပြီး မနေ့ညကလည်း နန္ဒာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ မွေးနေ့အထိမ်းအမှတ်အဖြစ်မတော်ရသေးတဲ့ယောင်းမလေးကိုယ်တိုင်ကင်ထားတဲ့ ကျောက်ပုစွန်တွေပို့ပေးခဲ့တာကြောင့် ဝမ်းသာကြည်နူးနေတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” Happy birthday ရီရီ!
ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ
ရီရီ့မွေးနေ့အတွက်ကျွေးတာတဲ့
စိန်စိန်နဲ့ရီရီကင်ထားတဲ့ကျောက်ပုဇွန်ကင်
Thank you ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Nandar Hlain
credit – Myanmarload