Source : မေလသံစဉ်
credit – Myanmarload
Unicode
သီချင်းဟောင်းပြန်ဆိုတာနဲ့ပတ်သက်ပြီးဖောင်းထုဝေဖန်နေကြသူတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုလိုက်တဲ့ မေလသံစဥ်
အဆိုတော်မေလသံစဥ်ကတော့ အသံချိုချိုလေးနဲ့ သီချင်းလေးတွေကို သီဆိုတက်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ သူမကတော့ ယခုမှာ သီချင်းအဟောင်းပြန်ဆိုတာနဲ့ပတ်သက်ပြီးဖောင်းထုဝေဖန်နေကြသူတွေကို ပြတ်ပြတ်သားသားတုန့်ပြန်ပြောဆိုလိုက်ပါတယ်။
သူမကတော့ ” အသက် ၁၈ မပြည့်သေးပေမယ့် ကိုယ်တိုင်ရေး ကိုယ်ပိုင် သီချင်းလေးတွေ ဆိုခဲ့သလိုပြန်ဆိုတေးလေးတွေကိုလည်း ဆန်းသစ်ဆိုခဲ့ပါတယ်မေလ သိသလောက် အဆိုတော်တိုင်းနီးပါး ပြန်ဆိုတေး မဆိုဖူးသူ မရှိသလောက်ပါသီချင်းတွေနဲ့ အလှမ်းဝေးနေသူတွေတိုင်းအတွက် သီချင်းဟောင်းတွေကလဲ အသစ်ပြန်ဖြစ်လာတာပဲမို့ မေလလဲ ပြန်ဆိုနေဖြစ်ဦးမှာနော် မေလသံစဉ်မှာ ကိုယ်ပိုင်သီချင်းမရှိဘူးလား
မေးနေကြသူလေးတွေအတွက် ၂၀၁၆ခုနှစ်ကထဲ ကိုယ်ပိုင်သံစဉ်သီချင်း
အသစ်တွေ ရေးခဲ့ဆိုခဲ့ပါတယ်(ပြန်ဆုံစည်းခွင့် ၊ ခဏ ၊ တောင်ပေါ်မြို့လေး
နယ်ကျွံ အချစ် ၊ တိတ်တခိုးလေးနဲ့ပြောမယ် မင်းကိုငါချစ်တယ် ၊ လမ်းသစ်ဆီ အဲ့ သီချင်းလေးတွေ လူသိများပါတယ်။ မေလရေးတဲ့ တခြားသီချင်းလေးတွေလည်း လက်ခံကြသူတွေရှိပါတယ်) “ဆိုပြီးရေးသားထားပါတယ်။
သူမကတော့ ” တခြားအဆိုတော်တွေအတွက်လဲ သီချင်းသစ်တွေ ရေးပေးဖြစ်ပါတယ်တီကော်ဆိုခဲ့တဲ့ “အိမ်မှာနေချင်တာပေါ့ ” သီချင်းလေးကိုလည်း မှတ်မိကြမှာပါအကျိုးပြုသီချင်းတွေလဲရေးသလို ကြော်ငြာသီချင်းတွေနဲ့ ခွန်အားဖြစ်စေတဲ့ သီချင်းလေးတွေလဲ ရေးခဲ့ပါတယ် လို့ အရင်ခေတ်တုန်းက သီချင်းတွေကနေ ခုခေတ်သီချင်းတွေထိ လေ့လာတယ် နှစ်သက်တယ် သီချင်းတွေကိုချစ်တယ် ဂီတကိုမြတ်နိုးတယ်ဒါကြောင့်အဟောင်းရော၊အသစ်ရော အကုန်ဆိုနေမိမှာပဲ သီချင်းဟောင်းပြန်ဆိုတာကို ဖောင်းထုနေကြသူတွေသိဖို့ ရှင်းပြရတာ နည်းနည်းမောသွားတယ်အမြဲနားလည်မှုရှိတဲ့ WeLove လေးတွေကြောင့်အားသစ်တွေမွေးပြီး မေလသံစဥ် သီချင်းတွေဆက်ဆိုနေပါဦးမယ်နော် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။
Source : မေလသံစဥ်
credit – Myanmarload