




credit – Myanmarload

Unicode

ချစ်ဇနီးလေးက သူစိတ်ဓာတ်ကျနေတဲ့အချိန်မှာဝင်ရောက်လာပြီးလက်တွဲခဲ့လို့ သက်ဆုံးတိုင် တန်ဖိုးထားတဲ့ စည်သူလွင်

တေးသံရှင်စည်သူလွင်ကတော့ တမူထူးခြားတဲ့အသံပိုင်ရှင်ဖြစ်ပြီး သီချင်းအေးအေးလေးတွေကို အများဆုံးသီဆိုတာဖြစ်ပါတယ်။စည်သူလွင်က အနုပညာလောကမှာလည်း လျှောက်လှမ်းနေတာကြာပြီဖြစ်လို့ အနုပညာမှာဝါရင့်နေပြီဖြစ်ပါတယ်နော်။လက်ရှိမှာလည်း စည်သူလွင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပြီး နောက်ထက်သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။

စည်သူလွင်က ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနဲ့နေထိုင်နေတာဖြစ်ပါတယ်။စည်သူလွင်က ဇနီးကောင်းကိုပိုင်ဆိုင်ထားတဲ့အပြင် သားလေးတစ်ယောက်လည်းရှိပါတယ်နော်။ဒီဇင်ဘာလ(၂)ရက်နေ့ကတော့ စည်သူလွင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။စည်သူလွင်တို့က အေးအတူပူအမျှနဲ့ ရိုးမြေကျပေါင်းသင်းလာကြလို့ အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးလေးပါနော်။

အခုဆိုရင်တော့ စည်သူလွင်က”Happy 10th Anniversary ပါချစ်တဲ့မိန်းမရေ။ကောင်းအတူ၊ဆိုးအတူအမြဲဘေးနားမှာရှိနေပေးလို့လည်းကျေးဇူးပါ။အရမ်းစိတ်ဓာတ်တွေကျနေတဲ့အချိန်မှာကိုယ့်ဘဝထဲကိုဝင်လာပြီးလက်တွဲခဲ့တဲ့သူမို့အမြဲတန်ဖိုးထားပါတယ်။အခက်အခဲတွေအတူကျော်ဖြတ်ခဲ့ရတဲ့အချိန်တွေကိုသတိရတယ်။ပျော်ခဲ့ရတဲ့အချိန်တွေကိုသတိရတယ်။ရှေ့ဆက်ရမယ့်အချိန်တွေအတွက်လည်း ဒီ့ထက်ပိုချစ်၊ဒီထက်ပိုပျော်ရွှင်၊ဒီထက်ပိုပြီးစိတ်ချမ်းသာစေရပါမယ်။ Love you”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။

Source and Photo Credit:Si Thu Lwin

credit – Myanmarload

  • Leave a Comment

Categories