




credit – Myanmarload

Unicode

သူမကိုအိမ်ဖော်မလေးလို့ဆေးထိုးစနောက်ထားတဲ့ ခင်ပွန်းအားပညာသားပါပါတစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်တဲ့ နေမျိုးအောင်ရဲ့ဇနီး

တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက်နဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် နေမျိုးအောင်တို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်တဲ့ အက်ရှင်ဇာတ်ကားတိုင်းကို ပရိသတ်တွေက တစ်ခဲနက် အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ နေမျိုးအောင်ဟာ စီးပွားရေးလုပ်ငန်းများစွာကိုလည်း တိုးတက်အောင်မြင်အောင် အမြဲကြိုးစားနေသူလည်း ဖြစ်ပါတယ်။

သူဟာ မိသားစုကို လိုလေသေးမရှိအောင် ထားနိုင်အောင် ကြိုးစားနေသူဖြစ်တာကြောင့် ပရိသတ်တွေကလည်း လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ ဇနီးဖြစ်သူကိုလည်း တန်ဖိုးထားချစ်ခင်ကာ တစ်ခါတစ်လေ ချစ်စနိုးနဲ့ လိုက်စလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း နေမျိုးအောင်ဇနီးရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သူမကိုဆေးအကြီးကြီးထိုးကာစထားတဲ့ ခင်ပွန်းဖြစ်သူကို ပညာသားပါပါနဲ့တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” ကဲဦးနေမျိုးအောင် ကျွန်မအဝတ်လျှော်ပြီးပြီ ရှင်ကပန်းကန်ဆေး ကျွန်မထိုင်ဖို့ဖင်ထိုင်ခုံရိုက်ပေးပါ ကျွန်မပန်ဖို့ပန်းခူး ဘုရားစင်သန့်ရှင်းရေးလုပ် ဘုရားရှစ်ခိုးကြမ်းတိုက် ခြံထဲကအသီးခူး အရသာရှိအောင်လည်းဟင်းချက်ထား ကျွန်မစာဖတ်နေတုန်းအလုပ်အားလုံးပြီးရင်ပြော ဓာတ်ပုံရိုက်ဖို့ကင်မရာချိန်ထား ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်လို့ရအောင်ဒီပုံလေးတွေကိုတစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Myo Aung

credit – Myanmarload

  • Leave a Comment

Categories