ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ မဂၤလာလက္မွတ္ေရးထိုးခဲ့ၿပီျဖစ္တဲ့ အဆိုေတာ္အမြန္း

ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ကခ်င္တိုင္းရင္းသူေလးအမြန္းကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ အမြန္းကေတာ့ (Me N Ma Girls) အမ်ိဳးသမီး ေပါ့အဆိုေတာ္အဖြဲ႕ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္သလို Soloist နဲ႔လည္း ေအာင္ျမင္တဲ့သူတစ္ဦးပါ။ ဒါ့အျပင္ “ဒုတၳဝတီကို လြန္၍” ဆိုတဲ့ နာမည္ႀကီးဇာတ္ကားေကာင္းမွာလည္း အဓိကဇာတ္ေဆာင္အေနနဲ႔ပါဝင္ခဲ့ဖူးတာပါ။

သူကေတာ့အခ်စ္ေရးနဲ႔ပတ္သက္ၿပီးပရိသတ္ကိုပြင့္ပြင့္လင္းလင္းခ်ျပခဲ့သူျဖစ္ၿပီး အခုဆိုရင္ေတာ့ ကာလၾကာရွည္တြဲလာခဲ့တဲ့ခ်စ္သူျပင္သစ္ႏိုင္ငံသား Raouf Bac နဲ႔ လက္ထပ္ခဲ့ၿပီျဖစ္ပါတယ္။ သူတို႔ခ်စ္သူႏွစ္ဦးကေတာ့ ဇန္နဝါရီလကတည္းက မိဘေရွ႕ေမွာက္မွာ ေစ့စပ္ခဲ့ၾကတာပါ။ ႏိုဝင္ဘာလ(၃၀)ရက္ေန႔မွာေတာ့ မဂ္လာလက္ထပ္ပြဲေလးက်င္းပခဲ့ၿပီး ပရိသတ္ကိုလည္း အသိေပးခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွာမဂၤလာလက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္ၿပီး ၾကည္ႏူးဖြယ္ရာပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြကိုျပန္လည္မွ်ေဝလာခဲ့ပါတယ္။ အမြန္းတို႔ဇနီးေမာင္ႏွံႏွစ္ဦး ခ်စ္သူသက္တမ္းအၾကာႀကီးလည္းခ်စ္ခဲ့ၾကသလို ခ်စ္ခင္ၾကင္နာစြာနဲ႔ သာယာၾကည္ႏူးစြာ သက္ဆုံးတိုင္ေပါင္းဖက္သြားၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Source : AhMoon

credit – celegabar

Unicode

မြောက်ပိုင်းခရိုင်တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီဖြစ်တဲ့ အဆိုတော်အမွန်း

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူလေးအမွန်းကိုတော့ ပရိသတ်တွေသိကြမှာပါ။ အမွန်းကတော့ (Me N Ma Girls) အမျိုးသမီး ပေါ့အဆိုတော်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သလို Soloist နဲ့လည်း အောင်မြင်တဲ့သူတစ်ဦးပါ။ ဒါ့အပြင် “ဒုတ္ထဝတီကို လွန်၍” ဆိုတဲ့ နာမည်ကြီးဇာတ်ကားကောင်းမှာလည်း အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ခဲ့ဖူးတာပါ။

သူကတော့အချစ်ရေးနဲ့ပတ်သက်ပြီးပရိသတ်ကိုပွင့်ပွင့်လင်းလင်းချပြခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ကာလကြာရှည်တွဲလာခဲ့တဲ့ချစ်သူပြင်သစ်နိုင်ငံသား Raouf Bac နဲ့ လက်ထပ်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးကတော့ ဇန်နဝါရီလကတည်းက မိဘရှေ့မှောက်မှာ စေ့စပ်ခဲ့ကြတာပါ။ နိုဝင်ဘာလ(၃၀)ရက်နေ့မှာတော့ မဂ်လာလက်ထပ်ပွဲလေးကျင်းပခဲ့ပြီး ပရိသတ်ကိုလည်း အသိပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ မြောက်ပိုင်းခရိုင်တရားရုံးမှာမင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ကြည်နူးဖွယ်ရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုပြန်လည်မျှဝေလာခဲ့ပါတယ်။ အမွန်းတို့ဇနီးမောင်နှံနှစ်ဦး ချစ်သူသက်တမ်းအကြာကြီးလည်းချစ်ခဲ့ကြသလို ချစ်ခင်ကြင်နာစွာနဲ့ သာယာကြည်နူးစွာ သက်ဆုံးတိုင်ပေါင်းဖက်သွားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source : AhMoon

credit – celegabar

  • Leave a Comment

Categories