ႏွာေခါင္းပိုက္တန္းလန္းနဲ႔အိပ္ရာေပၚမွာလဲေလ်ာင္းရင္း ဓမၼအေမြေတြေပးခဲ့တဲ့အေဖ့ကို သတိရလြမ္းဆြတ္ကာ အလႉျပဳခဲ့ၾကတဲ့ ခ်စ္ခ်စ္ေဇာ္တို႔ေမာင္ႏွမတစ္စု

မင္းသမီးေခ်ာ ခ်စ္ခ်စ္ေဇာ္ကေတာ့ တစ္ေခတ္တစ္ခ်ိန္ကတည္းက အႏုပညာေလာကမွာ နာမည္ေက်ာ္ၾကားၿပီး ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္ ။ ခ်စ္ခ်စ္ေဇာ္က ဒါ႐ိုက္တာမိုက္တီး၊ သ႐ုပ္ေဆာင္လင္းဇာနည္ေဇာ္တို႔နဲ႔လည္း ေမာင္ႏွမအရင္းေတာ္စပ္သူေလး ျဖစ္ပါတယ္ ။ ခ်စ္ခ်စ္ေဇာ္တို႔ေမာင္ႏွမတစ္စုကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ရွိၿပီး စည္းလုံးေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးကို တည္ေဆာက္ေနၾကတာ ျဖစ္ပါတယ္ ။

ဒီေန႔မွာေတာ့ ခ်စ္ခ်စ္ေဇာ္တို႔ေမာင္ႏွမတစ္စုက ကြယ္လြန္သြားၿပီျဖစ္တဲ့ ဖခင္ႀကီးအတြက္ ရည္စူးၿပီး ကုသိုလ္ေကာင္းမႈျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ခ်စ္ခ်စ္ေဇာ္က “ေက်းဇူးရွင္ေဖေဖ ဇနီးနဲ႔ သားသမီးေလးေယာက္ကို၊ တစ္ေယာက္တစ္မ်ိဳးအခ်စ္ေတြေပးခဲ့တဲ့ အေဖ၊စည္းကမ္းရွိရွိ၊ဇြဲ လုံ႔လဝီရိယရွိရွိနဲ႔ ဘဝကို မေျဖာင့္မတန္း ခက္ခဲစြာ႐ုန္းကန္ရင္း ကြၽန္မတို႔ေလာကအလယ္မွာ လွပစြာရပ္တည္ေနထိုင္ႏိုင္ေအာင္ ပ်ိဳးေထာင္ေပးခဲ့တဲ့ အေဖ၊ ျပည္သူအသိအမွတ္ျပဳအႏုပညာရွင္မ်ားအျဖစ္ ႐ိုးသားစြာရွင္သန္ခြင့္ရေအာင္ ထမ္းတင္ေပးခဲ့တဲ့အေဖ”

“ကြၽန္မတို႔ကို အသိပညာအေမြ၊အတတ္ပညာအေမြ၊ပစၥည္းဥစၥာအေမြမ်ားအျပင္ ခႏၶာႀကီးရဲ႕ေဖာက္ျပန္တတ္ေသာ ျဖစ္/ပ်က္တရားသေဘာမ်ားကို ေတြ႕ျမင္ခြင့္ရေအာင္ ႏွာေခါင္းပိုက္တန္းလန္းႏွင့္အိပ္ယာေပၚမွာလဲေလ်ာင္းရင္း ဓမၼအေမြမ်ားကိုေပးခဲ့တဲ့အေဖ၊ ဘယ္လိုမွမေမ့ရက္ႏိုင္ေလာက္ေအာင္ ေက်းဇူးတရားႀကီးမားလွတဲ့ ကြၽန္မတို႔ရဲ႕ခ်စ္ေဖေဖ ကြယ္လြန္ခဲ့တာ ဒီေန႔ ႏွစ္ႏွစ္တိတိျပည့္တဲ့ေန႔ေလးပါ။ အေဖ့အတြက္ရည္စူးၿပီး “ဆည္းဆာရိပ္ဂီလာနဘိုးဘြားရိပ္သာ’မွအဖိုးအဖြားမ်ား ႀကိဳက္ႏွစ္သက္ၾကေသာ အုန္းႏို႔ေခါက္ဆြဲ ပြဲ၁၅၀ကိုလႉဒါန္းျဖစ္ပါတယ္။ ကိုယ္တိုင္လုပ္အားေတြနဲ႔ ခ်က္ျပဳတ္လႉဒါန္းရေသာထိုကုသိုလ္ရဲ႕အဖို႔ဘာဂကို အေဖ ျမင့္ျမတ္ေသာဘုံဘဝမွ သာဓုအႀကိမ္ႀကိမ္ေခၚဆို‌ႏိုင္ပါေစ။ ကုသိုလ္ အမွ် အမွ် အမွ်” ဆိုၿပီး ပုံေလးေတြနဲ႔အတူ မွ်ေဝထားတာပဲ ျဖစ္ပါတယ္ ။

Source and Photo Credit-Chit Chit Zaw

credit – Myanmarload

Unicode

နှာခေါင်းပိုက်တန်းလန်းနဲ့အိပ်ရာပေါ်မှာလဲလျောင်းရင်း ဓမ္မအမွေတွေပေးခဲ့တဲ့အဖေ့ကို သတိရလွမ်းဆွတ်ကာ အလှူပြုခဲ့ကြတဲ့ ချစ်ချစ်ဇော်တို့မောင်နှမတစ်စု

မင်းသမီးချော ချစ်ချစ်ဇော်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ နာမည်ကျော်ကြားပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ချစ်ချစ်ဇော်က ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင်လင်းဇာနည်ဇော်တို့နဲ့လည်း မောင်နှမအရင်းတော်စပ်သူလေး ဖြစ်ပါတယ် ။ ချစ်ချစ်ဇော်တို့မောင်နှမတစ်စုကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရှိပြီး စည်းလုံးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်နေကြတာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ ချစ်ချစ်ဇော်တို့မောင်နှမတစ်စုက ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ချစ်ချစ်ဇော်က “ကျေးဇူးရှင်ဖေဖေ ဇနီးနဲ့ သားသမီးလေးယောက်ကို၊ တစ်ယောက်တစ်မျိုးအချစ်တွေပေးခဲ့တဲ့ အဖေ၊စည်းကမ်းရှိရှိ၊ဇွဲ လုံ့လဝီရိယရှိရှိနဲ့ ဘဝကို မဖြောင့်မတန်း ခက်ခဲစွာရုန်းကန်ရင်း ကျွန်မတို့လောကအလယ်မှာ လှပစွာရပ်တည်နေထိုင်နိုင်အောင် ပျိုးထောင်ပေးခဲ့တဲ့ အဖေ၊ ပြည်သူအသိအမှတ်ပြုအနုပညာရှင်များအဖြစ် ရိုးသားစွာရှင်သန်ခွင့်ရအောင် ထမ်းတင်ပေးခဲ့တဲ့အဖေ”

“ကျွန်မတို့ကို အသိပညာအမွေ၊အတတ်ပညာအမွေ၊ပစ္စည်းဥစ္စာအမွေများအပြင် ခန္ဓာကြီးရဲ့ဖောက်ပြန်တတ်သော ဖြစ်/ပျက်တရားသဘောများကို တွေ့မြင်ခွင့်ရအောင် နှာခေါင်းပိုက်တန်းလန်းနှင့်အိပ်ယာပေါ်မှာလဲလျောင်းရင်း ဓမ္မအမွေများကိုပေးခဲ့တဲ့အဖေ၊ ဘယ်လိုမှမမေ့ရက်နိုင်လောက်အောင် ကျေးဇူးတရားကြီးမားလှတဲ့ ကျွန်မတို့ရဲ့ချစ်ဖေဖေ ကွယ်လွန်ခဲ့တာ ဒီနေ့ နှစ်နှစ်တိတိပြည့်တဲ့နေ့လေးပါ။ အဖေ့အတွက်ရည်စူးပြီး “ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာ’မှအဖိုးအဖွားများ ကြိုက်နှစ်သက်ကြသော အုန်းနို့ခေါက်ဆွဲ ပွဲ၁၅၀ကိုလှူဒါန်းဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်အားတွေနဲ့ ချက်ပြုတ်လှူဒါန်းရသောထိုကုသိုလ်ရဲ့အဖို့ဘာဂကို အဖေ မြင့်မြတ်သောဘုံဘဝမှ သာဓုအကြိမ်ကြိမ်ခေါ်ဆို‌နိုင်ပါစေ။ ကုသိုလ် အမျှ အမျှ အမျှ” ဆိုပြီး ပုံလေးတွေနဲ့အတူ မျှဝေထားတာပဲ ဖြစ်ပါတယ် ။

Source and Photo Credit-Chit Chit Zaw

credit – Myanmarload

  • Leave a Comment

Categories