ေဆး႐ုံတက္ေနရတာ သုံးရက္ရွိၿပီျဖစ္ၿပီး ရယ္လိုက္ရင္ေတာင္ ဒဏ္ရာကနာေနရွာတဲ့ခ်စ္ဇနီးကိုထမင္းခြံ႕ေကြၽးကာ အနီးကပ္ျပဳစုေပးေနတဲ့လင္းလင္း

ေတးေရး၊ေတးဆို လင္းလင္းနဲ႔ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ခ်စ္သုေဝတို႔ဇနီးေမာင္ႏွံကေတာ့ ပရိသတ္ေတြအရမ္းကိုအားက်ခ်စ္ခင္ရတဲ့ Idol Couple ေလးလို႔ေတာင္ ဆိုႏိုင္ပါတယ္ေနာ္။ ခ်စ္သူဘဝကတည္းက ဂီတမ္းေၾကာင္းေပၚမွာ အတူတကြေလွ်ာက္လွမ္းခဲ့ၾကတဲ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔စုံတြဲေလးက အိမ္ေထာင္က်ၿပီးတဲ့အခါမွာလည္း ပရဟိတအလုပ္ေတြကို တတ္အားသေ႐ြ႕ လုပ္ကိုင္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားတဲ့ သူတို႔စုံတြဲေလးကို အားလုံးကလည္း ေလးစားခ်စ္ခင္ၾကတာ ျဖစ္ပါတယ္ ။

အရမ္းလိုက္ဖက္ၿပီး ေရွ႕သြားေနာက္လိုက္ညီတဲ့ လင္းလင္းတို႔ဇနီးေမာင္ႏွံက ေခတ္နဲ႔သစ္ဆိုတဲ့သမီးအမႊာေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္ ။ လင္းလင္းတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီရင္း သာယာခ်မ္းေျမ့တဲ့မိသားစုဘဝကို တည္ေဆာက္ေနၾကတာ ျဖစ္ပါတယ္ ။ အခုေတာ့ လင္းလင္းက ေဆး႐ုံတက္ေနရတဲ့သူ႔ရဲ႕ခ်စ္ဇနီးေလး ခ်စ္သုေဝကို ထမင္းခြံ႕ေကြၽးကာ ျပဳစုေနေၾကာင္း ပုံေလးနဲ႔အတူ တင္ထားတာ ျဖစ္ပါတယ္ ။

လင္းလင္းက “ခါးအ႐ိုး အက္/က်ိဳး ဒဏ္ရာနဲ႔ ကိုယ့္ဆရာမ ေဆး႐ုံတက္ေနရတာ သုံးရက္ရွိ။ ရယ္လိုက္ရင္ ဒဏ္ရာက နာတယ္ဆိုေတာ့ ဟာသေလးေတြေျပာရင္း ထမင္းခြံ႕ေကြၽး Fighting Hon ” ဆိုၿပီး ခ်စ္ဇနီးရဲ႕က်န္းမာေရးအေျခအေနကိုလည္း ပရိသတ္ေတြသိရွိရေအာင္ ေျပာျပလိုက္တာ ျဖစ္ပါတယ္ ။ ကဲ ေဆးကုသမႈခံယူေနရတဲ့ ခ်စ္ဇနီးေလးကို အနီးကပ္ျပဳစုေနတဲ့ လင္းလင္းရဲ႕ပုံရိပ္ေလးကိုလည္း ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source and Photo Credit-Htwe Lyn Ko

credit – Myanmarload

Unicode

ဆေးရုံတက်နေရတာ သုံးရက်ရှိပြီဖြစ်ပြီး ရယ်လိုက်ရင်တောင် ဒဏ်ရာကနာနေရှာတဲ့ချစ်ဇနီးကိုထမင်းခွံ့ကျွေးကာ အနီးကပ်ပြုစုပေးနေတဲ့လင်းလင်း

တေးရေး၊တေးဆို လင်းလင်းနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ချစ်သုဝေတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအရမ်းကိုအားကျချစ်ခင်ရတဲ့ Idol Couple လေးလို့တောင် ဆိုနိုင်ပါတယ်နော်။ ချစ်သူဘဝကတည်းက ဂီတမ်းကြောင်းပေါ်မှာ အတူတကွလျှောက်လှမ်းခဲ့ကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့စုံတွဲလေးက အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း ပရဟိတအလုပ်တွေကို တတ်အားသရွေ့ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတဲ့ သူတို့စုံတွဲလေးကို အားလုံးကလည်း လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ် ။

အရမ်းလိုက်ဖက်ပြီး ရှေ့သွားနောက်လိုက်ညီတဲ့ လင်းလင်းတို့ဇနီးမောင်နှံက ခေတ်နဲ့သစ်ဆိုတဲ့သမီးအမွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လင်းလင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း သာယာချမ်းမြေ့တဲ့မိသားစုဘဝကို တည်ဆောက်နေကြတာ ဖြစ်ပါတယ် ။ အခုတော့ လင်းလင်းက ဆေးရုံတက်နေရတဲ့သူ့ရဲ့ချစ်ဇနီးလေး ချစ်သုဝေကို ထမင်းခွံ့ကျွေးကာ ပြုစုနေကြောင်း ပုံလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။

လင်းလင်းက “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး Fighting Hon ” ဆိုပြီး ချစ်ဇနီးရဲ့ကျန်းမာရေးအခြေအနေကိုလည်း ပရိသတ်တွေသိရှိရအောင် ပြောပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ ဆေးကုသမှုခံယူနေရတဲ့ ချစ်ဇနီးလေးကို အနီးကပ်ပြုစုနေတဲ့ လင်းလင်းရဲ့ပုံရိပ်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit-Htwe Lyn Ko

credit – Myanmarload

  • Leave a Comment

Categories