





credit – Myanmarload

Unicode

ဖခင်ရဲ့ မွေးနေ့လေးမှာ အမှတ်တရပုံလေးတွေနဲ့အတူ ကြည့်မိသူတိုင်း ရယ်မောစေလောက်တဲ့ ဗီဒီယိုလေးနဲ့ ဆေးထိုးလိုက်တဲ့ သမီးလေး ထိပ်ထိပ်

ပရိသတ်ကြီးရေ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတာကို အသိပဲဖြစ်မှာပါ။ ယနေ့ ဒီဇင်ဘာလ ၃ရက်နေ့လေးကတော့ သူမရဲ့ချစ်ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပါ။ ကျရောက်တဲ့ မွေးနေ့လေးမှာ ချစ်သူခင်သူတွေက မွေးနေ့ဆုတောင်းပေးကြတာဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာရက်မြတ်လေးဖြစ်စေမှာ အသေအချာပါပဲ….။

မွေးနေ့ဆုတောင်းပေးကြသူတွေထဲမှာမှ ခိုင်သင်းကြည်နဲ့ ဦးခန့်နိုင်ရဲ့ တစ်ဦးတည်းသော သမီးငယ်လေး စံထိပ်ထားဦးကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ထိပ်ထိပ်လေးဟာဆိုရင် မိခင်ရဲ့ သွန်သင်ပြသမှုတွေကြောင့် လိမ္မာရေးခြားရှိတဲ့ သူလေးဖြစ်ပြီး အနုပညာလမ်းကြောင်းထက်မှာလည်း စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

ထိပ်ထိပ်က ဖခင်ရဲ့ မွေးနေ့မှာ ” Happy birthday dad! Thank you for raising me into the person that I am today. I love you ” ဆိုတဲ့ စာသားလေးနဲ့အတူ အမှတ်တရပုံလေးတွေအပြင် ကြည့်မိသူတိုင်း ရယ်မောသွားစေလောက်တဲ့ အမိုက်စား ဗီဒီယိုလေးတစ်ခုကိုလည်း တင်ပေးလာတာပါ။ ကြည်နူးစရာ မိသားစုလေးဖြစ်တာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။

သတင်းအရင်းမြစ်: Photo credit – San Htate Htar Oo

credit – Myanmarload

  • Leave a Comment

Categories