




credit – Myanmarload

Unicode

ပိုပိုမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ခါးလေးကိုဖက်ပြီး နှုတ်ခမ်းနားလေးကပ်ကာ တစ်ဝကြီးရှူရှိုက်နေတဲ့ Hugo ရဲ့ဗီဒီယိုဖိုင်

တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနေသူကတော့ အဆိုတော် ပိုပိုပဲ ဖြစ်ပါတယ်။ သူမဟာ လူငယ်ကြိုက် အချစ်၊ အလွမ်းတေးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တာကြောင့် ပရိသတ်တွေက တစ်ခဲနက် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ပိုပိုဟာ ဂီတမျိုးရိုးမရှိဘဲ ကိုယ့်အားကိုယ်ကိုးကာ ဒီလိုအောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ထပ်လည်း သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ထွက်ရှိအောင်လည်း ဆက်လက် ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုတစ်ယောက် စိတ်ပြေလက်ပျောက် တွံတေးဘက်ကို ခရီးထွက်နေတာပဲ ဖြစ်ပြီး ခရီးသွား ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို တင်ပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုပိုရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားပြီးပိုပိုရှိုက်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကို နှုတ်ခမ်းချင်းနီးကာရှုရှိုက်နေတဲ့ Hugoရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Po Po

credit – Myanmarload

  • Leave a Comment

Categories