




credit – Myanmarload

Unicode

ဒုတိယမြောက်ကိုယ်၀န်လွယ်ထားရပေမယ့် သားလေးကိုလည်း ဂရုစိုက်တစိုက်နဲ့နွေးထွေးမှုအပြည့်ပေးကာ ရေကူးသင်ပေးနေတဲ့မိုးယုစံ

ပရိသတ်ကြီးရေ ……သာယာချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီး ချစ်စရာရင်သွေးလေးတွေပါရရှိနေကြတဲ့ အနုပညာရှင်ဆယ်လီများထဲတွင် မိုးယုစံလည်းအပါအ၀င်ဖြစ်ပါတယ်နော်။ သူမဟာချစ်စရာကောင်းတဲ့သားလေး ကောင်းသိင်္ခမိုးသူကိုလည်းပိုင်ဆိုင်နေတာဖြစ်ပြီး သားလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို စကားလေးတွေတီတီတာတာပြောတတ်နေပြီး ချစ်စရာကောင်းတဲ့ကလေးငယ်လေးဖြစ်ပါတယ်။

မိုးယုစံဟာ ချစ်စရာကောင်းတဲ့ သားငယ်လေး Austinလေးအပြင် အခုဆိုရင်လည်း ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပြီးတော့ ကိုယ်၀န်လည်း (၂၄)ပတ်ကျော်နေပြီဖြစ်ပါတယ်။မိုးယုဟာ အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့သူလည်းဖြစ်တာကြောင့် သူမရဲ့အနုပညာအရည်အချင်းဟာလည်း ပရိသတ်တွေအားပေးလက်ခံကြရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်……။

အခုဆိုရင်လည်း မိုးယုဟာ သားလေး Austinနဲ့အတူ ရေကူးရင်းပျော်ရွှင်စွာအချိန်ကုန်ဆုံးနေတာပါ။ ဒီအကြောင်းအရာလေးကို မိုးယုဟာသူမရဲ့ Facebookစာမျက်နှာမှာ “မာမီ့သည်းလေးတောင်ကြီးလာပီ သည်းလေးနဲ့တူတူရှိတဲ့အချိန်လေးတွေက မာမီ့တွက် အပျော်ဆုံးနဲ့ အမောဆုံးအချိန်လေးတွေပါ (မမောပါဘူးလို့)….” ဆိုပြီးရေးသားကာ ကြည်နူးစရာပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Moe You San

credit – Myanmarload

  • Leave a Comment

Categories