




credit – Myanmarload

Unicode

ချစ်ဇနီးအဝတ်လျှော်နေတာကို မသိအောင်ဓာတ်ပုံခိုးရိုက်ရင်း အိမ်ဖော်အသစ်လေးဆိုပြီး ဆေးအကြီးကြီးထိုးလိုက်တဲ့နေမျိုးအောင်

မင်းသားချော နေမျိုးအောင်ကတော့ လူငယ်အရွယ်ကတည်းက အနုပညာလောကမှာ အခြေချပြီး အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ နေမျိုးအောင်က ဇာတ်ကားပေါင်းမြောက်မြားစွာ ရိုက်ကူးခဲ့ရပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်အထိလည်း အနုပညာအလုပ်တွေကို အနည်းငယ်လုပ်ကိုင်နေတဲ့ နေမျိုးအောင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ဦးစီးနေတာ ဖြစ်ပါတယ် ။

နေမျိုးအောင်က ချစ်ဇနီးနဲ့အတူ သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းလေးကို မောင်တစ်ထမ်းမယ်တစ်ရွက် ကြိုးစားကာ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ် ။ သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ နေမျိုးအောင်တို့မိသားစုလေးကတော့ ပျော်ရွှင်စရာကောင်းလှတာလည်း ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်တဲ့ နေမျိုးအောင်က အခုလည်း သူ့ရဲ့အိမ်သူချစ်ဇနီးကိုကြုံတုန်း ဆေးအကြီးကြီးထိုးလိုက်တာပဲ ဖြစ်ပါတယ် ။

နေမျိုးအောင်က “အိမ်ဖော်အသစ်လေး ပြောင်အောင်လျှော်စမ်း ကလေးမ ” ဆိုပြီး ချစ်ဇနီးရဲ့ဓာတ်ပုံလေးကို တင်ထားတာ ဖြစ်ပါတယ် ။ နေမျိုးအောင်ကတော့ ချစ်ဇနီးအဝတ်တွေထိုင်လျှော်နေတုန်း မသိအောင်ဓာတ်ပုံလေးခိုးရိုက်ပြီး ဆေးထိုးစနောက်လိုက်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Nay Myo Aung

credit – Myanmarload

  • Leave a Comment

Categories