




credit – Myanmarload

Unicode

တစ်ဦးတည်းသောအစ်ကိုရဲ့မွေးနေ့လေးကိုအမှတ်တရပုံလေးတွေနဲ့ဆုတောင်းပေးလိုက်တဲ့ နိုင်းနိုင်းရဲ့ညီမချောလေး သရုပ်ဆောင် ဖူးဖူး

သရုပ်ဆောင် မင်းသမီးချောလေး ဖူးဖူးဟာ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားများတွင် ပရိသတ်တွေတစ်ခဲနက် အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် နိုင်းနိုင်းရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးကြောင့်လည်း ယောကျာ်းလေး ပရိသတ်တွေ စွဲလမ်းနှစ်သက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖူးဖူးဟာ သရုပ်ဆောင်အလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုသာ ဇောက်ချ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ပုံလေးတွေကိုတော့ ပရိသတ်တွေ ကြည့်ရှုနိုင်အောင် အမြဲတင်ပေးနေသူလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဖူးဖူးရဲ့ အချစ်ဆုံးအစ်ကို သရုပ်ဆောင် နိုင်းနိုင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။

မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အစ်ကိုဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ ကိုကြီး​ရေHappy Birthday ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Phoo Ph Oo

credit – Myanmarload

  • Leave a Comment

Categories