ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ဖခင္ျဖစ္သူကို သတိရလြမ္းဆြတ္ရင္း ဝမ္းနည္းစရာစာေလး ေရးသားေဖာ္ျပလာခဲ့တဲ့ ႏိုင္လူ

ဇာတ္ပို႔ဇာတ္ရံ လူၾကမ္းသ႐ုပ္ေဆာင္ ႏိုင္လူကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အျပည့္အရရွိခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ႏိုင္လူ ဟာ သ႐ုပ္ေဆာင္ ဦးၾကဴးမာရဲ႕ သားတစ္ေယာက္ျဖစ္ၿပီး ဖခင္ရဲ႕အႏုပညာအေမြကို ရရွိထားကာ အခုဆိုရင္ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။ ႏိုင္လူ ကေတာ့ ယေန႔ ဒီဇင္ဘာလ ၂ ရက္ေန႔မွာ ဖခင္ျဖစ္သူ ဦးၾကဴးမာကြယ္လြန္ခဲ့ျခင္း (၈)ႏွစ္ျပည့္ေန႔ေလးျဖစ္တာေၾကာင့္ သတိရလြမ္းဆြတ္ရင္း အမွတ္တရပုံေလးေတြကို ေဖာ္ျပလာခဲ့ပါတယ္။

ဒီပုံေလးေတြနဲ႔လည္း ႏိုင္လူက “႐ုပ္ရွင္သ႐ုပ္ေဆာင္ဦးၾကဴးမားသို႔မဟုတ္ႏိုင္လူ၏အေဖကြယ္လြန္ခဲ့သည့္ ယေန႔(၈)ႏွစ္ျပည့္ရွိလာခဲ့ၿပီ ႐ုပ္ရွင္ဇာတ္ကားမ်ားႏွင့္ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာတို႔တြင္ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့သည့္အတြက္ ပရိပ္သတ္၏အားေပး ခ်စ္ခင္မႈကိုရရွိခဲ့သည့္သ႐ုပ္ေဆာင္ဦးၾကဴးမား(ခ)ဦးစိန္တင့္သည့္

သ႐ုပ္ေဆာင္ႏိုင္လူ၏အေဖျဖစ္သလို႔ဧရာဝတီတိုင္း လပြတၱာဇာတိဖြား အဖဦးေမာင္တင့္အမိေဒၚေအးစိန္တို႔မွေမြးဖြားသည့္ေမြးခ်င္း (၄) ေယာက္အနက္ တစ္ဦးတည္းေသာသားျဖစ္သည္ ငယ္စဥ္မွစ၍ပရဟိတလုပ္ငန္းမ်ားလူမႈေရးလုပ္ငန္းမ်ားလုပ္ကိုင္ခဲ့သလို႔ျမန္မာႏိုင္ငံၾကက္ ေျခနီအသင္းမွေပးအပ္ခဲ့သည့္အထူးစံျပၾကက္ေျခနီတံဆိပ္ကိုရရွိခဲ့ၿပီးေရွ႕ေနဘြဲ႕ကိုလည္ရရွိခဲသည္ …….

၁၉၉၀ေနာက္ပိုင္းတြင္႐ုပ္ရွင္ေလာကသို႔ဝင္ေရာက္ခဲ့ၿပီးဗီဒီယိုဇာတ္ကားေပါင္း၅၀၀ခန္႔တြင့္သ႐ုပ္ေဆာင္ပါဂင္ခဲ့ၿပီး၂.၁၂.၂၀၁၂တြင္ကြယ္လြန္ခဲ့သည္ အသက္(၆၄) ႏွစ္တြင္ကြယ္လြန္ခဲ့သည္….ႏွစ္ေပါင္းဘယ္ေလာက္ၾကာၾကာ အေဖသြန္သင္ခဲ့သည့္ ဆုံးမစကားမ်ားကိုႏွလုံးသြင္းရင္း ေန႔စဥ္သတိရလွ်က္ပါအေဖ

အေဖႏွင့္စကားေျပာရင္း မိုးလင္းသြားခဲ့သည့္ရက္ေတြသတိရလွ်က္ပါ အေဖမိဘဆရာသမားေက်းဇူးရွင္တို႔၏ ေက်းဇူးတရားကို သိတတ္ေဖာ္ျပျခင္းသည္လည္း မဂၤလာပါအေဖ ေန႔စဥ္ျပဳလုပ္သည့္ေကာင္းမႈတိုင္းကို အေဖကိုအမွ်ေပးေဝလွ်က္ပါအေဖ ….ေရာက္ရွိေနသည္ဘုံဘဝမွ အေဖသာဓုေခၚဆိုႏိုင္ပါေစ လက္ႏွင့္ေတာင္႐ိုက္ဖို႔မ႐ြယ္ဖူးခဲ့သည့္ ေက်းဇူးရွင္အေဖ ..အေဖရဲ႕သား ႏိုင္လူ ” ဆိုၿပီး ဝမ္းနည္းစရာ ေရးသားထားပါတယ္။

သတင္းအရင္းျမစ္: Source – Naing Lu

credit – Myanmarload

Unicode

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်ရင်း ဝမ်းနည်းစရာစာလေး ရေးသားဖော်ပြလာခဲ့တဲ့ နိုင်လူ

ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင် နိုင်လူကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်လူ ဟာ သရုပ်ဆောင် ဦးကြူးမာရဲ့ သားတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့အနုပညာအမွေကို ရရှိထားကာ အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ နိုင်လူ ကတော့ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးကြူးမာကွယ်လွန်ခဲ့ခြင်း (၈)နှစ်ပြည့်နေ့လေးဖြစ်တာကြောင့် သတိရလွမ်းဆွတ်ရင်း အမှတ်တရပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးတွေနဲ့လည်း နိုင်လူက “ရုပ်ရှင်သရုပ်ဆောင်ဦးကြူးမားသို့မဟုတ်နိုင်လူ၏အဖေကွယ်လွန်ခဲ့သည့် ယနေ့(၈)နှစ်ပြည့်ရှိလာခဲ့ပြီ ရုပ်ရှင်ဇာတ်ကားများနှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့တွင်ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပရိပ်သတ်၏အားပေး ချစ်ခင်မှုကိုရရှိခဲ့သည့်သရုပ်ဆောင်ဦးကြူးမား(ခ)ဦးစိန်တင့်သည့်

သရုပ်ဆောင်နိုင်လူ၏အဖေဖြစ်သလို့ဧရာဝတီတိုင်း လပွတ္တာဇာတိဖွား အဖဦးမောင်တင့်အမိဒေါ်အေးစိန်တို့မှမွေးဖွားသည့်မွေးချင်း (၄) ယောက်အနက် တစ်ဦးတည်းသောသားဖြစ်သည် ငယ်စဉ်မှစ၍ပရဟိတလုပ်ငန်းများလူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သလို့မြန်မာနိုင်ငံကြက် ခြေနီအသင်းမှပေးအပ်ခဲ့သည့်အထူးစံပြကြက်ခြေနီတံဆိပ်ကိုရရှိခဲ့ပြီးရှေ့နေဘွဲ့ကိုလည်ရရှိခဲသည် …….

၁၉၉၀နောက်ပိုင်းတွင်ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့ပြီးဗီဒီယိုဇာတ်ကားပေါင်း၅၀၀ခန့်တွင့်သရုပ်ဆောင်ပါဂင်ခဲ့ပြီး၂.၁၂.၂၀၁၂တွင်ကွယ်လွန်ခဲ့သည် အသက်(၆၄) နှစ်တွင်ကွယ်လွန်ခဲ့သည်….နှစ်ပေါင်းဘယ်လောက်ကြာကြာ အဖေသွန်သင်ခဲ့သည့် ဆုံးမစကားများကိုနှလုံးသွင်းရင်း နေ့စဉ်သတိရလျှက်ပါအဖေ

အဖေနှင့်စကားပြောရင်း မိုးလင်းသွားခဲ့သည့်ရက်တွေသတိရလျှက်ပါ အဖေမိဘဆရာသမားကျေးဇူးရှင်တို့၏ ကျေးဇူးတရားကို သိတတ်ဖော်ပြခြင်းသည်လည်း မင်္ဂလာပါအဖေ နေ့စဉ်ပြုလုပ်သည့်ကောင်းမှုတိုင်းကို အဖေကိုအမျှပေးဝေလျှက်ပါအဖေ ….ရောက်ရှိနေသည်ဘုံဘဝမှ အဖေသာဓုခေါ်ဆိုနိုင်ပါစေ လက်နှင့်တောင်ရိုက်ဖို့မရွယ်ဖူးခဲ့သည့် ကျေးဇူးရှင်အဖေ ..အဖေရဲ့သား နိုင်လူ ” ဆိုပြီး ဝမ်းနည်းစရာ ရေးသားထားပါတယ်။

သတင်းအရင်းမြစ်: Source – Naing Lu

credit – Myanmarload

  • Leave a Comment

Categories