




credit – Myanmarload

Unicode

ဒီဇင်ဘာလအစမှာဘဲ အောင်ဘာလေသိန်းထီဆုတစ်ဆုပေါက်ခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ မယ်လိုဒီ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း အားလုံးက ပိုပိုပြီး ချစ်နေကြတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာ စိတ်ကောင်းစေတနာကောင်းအမြဲထားတတ်သူဖြစ်တာကြောင့် မျက်နှာလေးက ဝင်းပကြည်လင်နေတာလည်း ဖြစ်ပါတယ်။

အလှူအတန်းတွေလည်း မကြာခဏ အမြဲလုပ်လေ့ရှိသူ ဖြစ်တာကြောင့် စိတ်ဆင်းရဲမှုတွေ သိပ်မရှိဘဲ ပျော်ရွှင်နေရတာပါ။ ချစ်စရာကောင်းတဲ့ သားလေးကို ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်နေတဲ့ မယ်လိုဒီကတော့ မကြာသေးခင် မိနစ်ပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေကို ဝမ်းသာစရာသတင်းလေးတစ်ခု ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဒီဇင်ဘာလအစမှာဘဲ အောင်ဘာလေသိန်းထီဆုတစ်ဆုပေါက်ခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ မယ်လိုဒီဟာ ထီငါးသောင်းဆုပေါက်ခဲ့တာပဲ ဖြစ်ပြီး လအစမှာကံကောင်းမှုတွေရောက်ရှိလာတာကြောင့် ပရိသတ်တွေက ထပ်တူဝမ်းသာနေကြတာဖြစ်တာကြောင့် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Melody Myo

credit – Myanmarload

  • Leave a Comment

Categories