ဒုတိယရင္ေသြးေလး လြယ္ထားရၿပီျဖစ္ေၾကာင္း ပရိသတ္ကို အသိေပးေျပာျပလာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

ေတးသံရွင္ ခ်မ္းခ်မ္းတို႔မိသားစုအတြက္ ဝမ္းသာစရာ သတင္းေလးတစ္ခု 💖။ေတးသံရွင္ ခ်မ္းခ်မ္းဟာ ဒီေန႔ ဒီဇင္ဘာလ ၁ ရက္ နံနက္ပိုင္းက သူမကိုယ္တိုင္အသုံးျပဳတဲ့ လူမႈကြန္ရက္မွတဆင့္ ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထားရၿပီျဖစ္ေၾကာင္း သူခ်စ္ရတဲ့ ပရိသတ္ေတြကို အခုလို အသိေပးေရးသားေဖာ္ျပခဲ့တာျဖစ္ၿပီး အခုဆိုရင္ ကိုယ္ဝန္ ၅ လရွိၿပီလို႔သိရပါတယ္။

Happy Sweet December Everyone 🌲🎉✨🎊
* ပထမဆုံးအေနနဲ႔ အရာအားလုံးအတြက္ ကြၽန္မ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္🙏
* ဒုတိယအေနနဲ႔ အခုခ်ိန္ထိ ဘဝမွာဘယ္ႏွႀကိမ္ပဲလဲက်ခဲ့ပါေစ- အၿမဲအနားမွာ ေစာင့္ေရွာက္အားေပးခဲ့တဲ့အေဖနဲ႔ အေမ၊ မိတ္ေဆြသူငယ္ခ်င္းေတြအားလုံးကို ေက်းဇူးအရမ္းတင္ပါတယ္🙏
* တတိယတစ္ခုကို အခုမွ စေျပာမွာပါ ☺

ဘဝမွာ ပထမဆုံး သမီးေလးဂဂၤါကို ကိုယ္ဝန္ေဆာင္ၿပီး ၆ႏွစ္ေက်ာ္အၾကာမွာ ဒုတိယအႀကိမ္အျဖစ္ ေနာက္ထပ္ ရင္ေသြးေလးကိုေအာင္ျမင္စြာနဲ႔ ကိုယ္ဝန္ေဆာင္ႏိုင္ခဲ့ပါၿပီ🤗။Covid ကာလမွာသမီးေလး အထီးက်န္စြာနဲ႔ အိမ္ထဲမွာ ပ်င္းေနတာကိုျမင္ရတာ စိတ္မခ်မ္းသာခဲ့ဘူး။ အၿမဲတမ္းေမာင္ေလးျဖစ္ျဖစ္ ညီမေလးျဖစ္ျဖစ္လိုခ်င္တယ္လို႔…သမီးေလးက ေတာင္းဆိုခဲ့တာ….ဒီႏွစ္ေတာ့ အဆိုးထဲက အေကာင္းပါပဲ။

အမွန္အတိုင္းေျပာရရင္ကြၽန္မအသက္က ေနာက္ ၃ ႏွစ္ေလာက္ဆို ၃၅ ႏွစ္ျပည့္ပါေတာ့မယ္။အခုလိုအခ်ိန္ရွိတုန္း ငယ္႐ြယ္တုန္း နားခ်ိန္ရတုန္းေလးမွာ ကေလးတေယာက္ေလာက္ လိုခ်င္မိတယ္။ ယူမယ္လို႔လဲ အစထဲက ဆုံးျဖတ္ထားၿပီးသားမို႔ ယူျဖစ္ခဲ့သလို သမီးေလးလဲ အေဖာ္ရေအာင္ေပါ့။

ကေလးမယူတာ ၆ ႏွစ္ေလာက္ျခားသြားေတာ့ အစစအရာရာ အကုန္လုံး အသစ္ကေန ျပင္ၿပီး ျပင္ဆင္ခဲ့ရပါတယ္။ မိခင္ေယာက္ျဖစ္ဖို႔အတြက္က က်န္းမာဖို႔က အရမ္းအေရးႀကီးတဲ့အတြက္ အစစအရာရာ ျပင္ဆင္ၿပီး ေနာက္ထပ္ ၂လေလာက္ထပ္ေစာင့္ၾကည့္တယ္။ ကံေကာင္းစြာနဲ႔ ….🤗 July လမွာ ကိုယ္ဝန္ရွိေနၿပီလို႔ ဆရာဝန္ကေျပာတယ္။ကြၽန္မ မယုံႏိုင္ခဲ့ဘူး။ သမီးေလးအတြက္ အေဖာ္ရၿပီ။ မိသားစုဆိုတာ သိုက္သိုက္ဝန္းဝန္းနဲ႔ ေႏြးေထြးတဲ့ အသိုက္အၿမဳံ တခုပဲေလ။အထီးက်န္ဖို႔ေမြးဖြားလာၾကတာမဟုတ္ဘူး။

အဲဒီေတာ့ ဘုရားကို ကြၽန္မ အားကိုးဆုေတာင္းခဲ့တယ္။ ကြၽန္မအတြက္ ေႏြးေထြးတဲ့ အသိုက္အၿမဳံေလးရဖို႔အတြက္ ဒီႏွစ္ရဲ႕ ဘုရားေပးတဲ့လက္ေဆာင္ေတြထဲမွာေတာ့ ဒီလက္ေဆာင္ေလးဟာ အရာအားလုံးကိုျပည့္စုံေစခဲ့ပီေလ🤗။က်န္ခဲ့တဲ့ ၁ပတ္က ultra sound ႐ိုက္ေတာ့ ၅ လရွိၿပီက်န္းက်န္းမာမာပဲတဲ့။အိုး…ဘာေလးပဲရရပါ…အဓိက က ေျခလက္အဂၤါ စုံဖို႔ရယ္ က်န္းမာဖို႔ရယ္..ညဏ္ရည္ေကာင္းဖို႔ရယ္ပါပဲ…က်န္တာဘုရားေပးသေလာက္ေပါ့..😇။

မိသားစုဘဝေလး ၿပိဳကြဲခဲ့ရခ်ိန္ေတြ/နာက်င္ခဲ့ရခ်ိန္ေတြ/အားလုံးကို အေကာင္းျမင္စိတ္နဲ႔ ေက်ာ္ျဖတ္လာခဲ့တာ .… အခုဆို အခ်ိန္ေတာင္ (၃) ႏွစ္ရွိခဲ့ပါၿပီ။ အခုလက္ရွိဘဝမွာ ကိုယ့္ကိုတန္ဖိုးထားၿပီးခ်စ္ေပးတဲ့ဗိုက္ထဲက ကေလးေလးရဲ႕ေဖေဖ Enrico ကိုလည္း ေက်းဇူးအထူးတင္ပါတယ္ 😘။လက္တြဲလာခဲ့တာ အခ်ိန္(၂) ႏွစ္အတြင္းpositive အျမင္နဲ႔ ဘဝကိုျဖတ္သန္းဖို႔ သင္ၾကားေပးတဲ့အတြက္ရယ္/ကြၽန္မရဲ႕အတိတ္ေတြကို နားလည္ေပးၿပီးကြၽန္မနဲ႔ သမီးေလးဂဂၤါကို မိသားစုဝင္အျဖစ္သတ္မွတ္ လက္ခံေပးတဲ့အတြက္ရယ္/တေယာက္တည္းပင္ပန္းေနခ်ိန္ေတြမွာ အစစအရာရာနားလည္ခြင့္လႊတ္ ေဖးမေပးလို႔အတိုင္းမသိဝမ္းသာမိရပါတယ္။ေက်းဇူးလဲတင္တယ္။

သူ႔ရဲ႕ September လတုန္းက အသက္ ၃၄ ႏွစျပည့္ေမြးေန႔မွာ ဘာလက္ေဆာင္ေပးရမွန္း မသိဘူးလို႔ေျပာေတာ့ အခုဗိုက္ထဲမွာေရာက္ေနတဲ့ ဒီကေလးေလးဟာ ကြၽန္မတို႔ႏွစ္ေယာက္အတြက္ ဘုရားကေပးတဲ့ အနာဂတ္လက္ေဆာင္ေလးပဲတဲ့။ဘာမွမလိုဘူး။ ကေလးနဲ႔မိခင္ က်န္းမာဖို႔အေရးႀကီးတယ္ဆိုတဲ့…သူ႔စကားေၾကာင့္အရမ္းေပ်ာ္ခဲ့ရတယ္ 💖💖💖 ။အတိတ္ကအတိတ္ပါပဲ။ က်န္ရွိေနေသးတဲ့ ကြၽန္မရဲ႕အနာဂတ္ကိုေတာ့ ကြၽန္မကို တန္ဖိုးထားခ်စ္တဲ့သူေတြနဲ႔ ကြၽန္မခ်စ္ရတဲ့သူေတြနဲ႔သာ ဘဝကိုေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္းသြားမွာျဖစ္တဲ့ အေၾကာင္းေလး ကြၽန္မကို ခ်စ္တဲ့ကြၽန္မ ခ်စ္တဲ့ ပရိသတ္အတြက္ စကားေလးပါးရင္း အားလုံး Happy Sweet December ပါေနာ္🌲🎀က်န္းမာေပ်ာ္႐ႊင္ၾကပါေစ” ေတးသံရွင္ ခ်မ္းခ်မ္း🎁 ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။

Swelsone News

Unicode

ဒုတိယရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးပြောပြလာတဲ့ အဆိုတော် ချမ်းချမ်း

တေးသံရှင် ချမ်းချမ်းတို့မိသားစုအတွက် ဝမ်းသာစရာ သတင်းလေးတစ်ခု 💖။တေးသံရှင် ချမ်းချမ်းဟာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက သူမကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်မှတဆင့် ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်း သူချစ်ရတဲ့ ပရိသတ်တွေကို အခုလို အသိပေးရေးသားဖော်ပြခဲ့တာဖြစ်ပြီး အခုဆိုရင် ကိုယ်ဝန် ၅ လရှိပြီလို့သိရပါတယ်။

Happy Sweet December Everyone 🌲🎉✨🎊
* ပထမဆုံးအနေနဲ့ အရာအားလုံးအတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်🙏
* ဒုတိယအနေနဲ့ အခုချိန်ထိ ဘဝမှာဘယ်နှကြိမ်ပဲလဲကျခဲ့ပါစေ- အမြဲအနားမှာ စောင့်ရှောက်အားပေးခဲ့တဲ့အဖေနဲ့ အမေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်🙏
* တတိယတစ်ခုကို အခုမှ စပြောမှာပါ ☺

ဘဝမှာ ပထမဆုံး သမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ🤗။Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့ အိမ်ထဲမှာ ပျင်းနေတာကိုမြင်ရတာ စိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့…သမီးလေးက တောင်းဆိုခဲ့တာ….ဒီနှစ်တော့ အဆိုးထဲက အကောင်းပါပဲ။

အမှန်အတိုင်းပြောရရင်ကျွန်မအသက်က နောက် ၃ နှစ်လောက်ဆို ၃၅ နှစ်ပြည့်ပါတော့မယ်။အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတယောက်လောက် လိုချင်မိတယ်။ ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့သလို သမီးလေးလဲ အဖော်ရအောင်ပေါ့။

ကလေးမယူတာ ၆ နှစ်လောက်ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြင်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ မိခင်ယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်းအရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ ….🤗 July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေးအတွက် အဖော်ရပြီ။ မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တခုပဲလေ။အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး။

အဲဒီတော့ ဘုရားကို ကျွန်မ အားကိုးဆုတောင်းခဲ့တယ်။ ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ🤗။ကျန်ခဲ့တဲ့ ၁ပတ်က ultra sound ရိုက်တော့ ၅ လရှိပြီကျန်းကျန်းမာမာပဲတဲ့။အိုး…ဘာလေးပဲရရပါ…အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ…ကျန်တာဘုရားပေးသလောက်ပေါ့..😇။

မိသားစုဘဝလေး ပြိုကွဲခဲ့ရချိန်တွေ/နာကျင်ခဲ့ရချိန်တွေ/အားလုံးကို အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်လာခဲ့တာ .… အခုဆို အချိန်တောင် (၃) နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ဗိုက်ထဲက ကလေးလေးရဲ့ဖေဖေ Enrico ကိုလည်း ကျေးဇူးအထူးတင်ပါတယ် 😘။လက်တွဲလာခဲ့တာ အချိန်(၂) နှစ်အတွင်းpositive အမြင်နဲ့ ဘဝကိုဖြတ်သန်းဖို့ သင်ကြားပေးတဲ့အတွက်ရယ်/ကျွန်မရဲ့အတိတ်တွေကို နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်/တယောက်တည်းပင်ပန်းနေချိန်တွေမှာ အစစအရာရာနားလည်ခွင့်လွှတ် ဖေးမပေးလို့အတိုင်းမသိဝမ်းသာမိရပါတယ်။ကျေးဇူးလဲတင်တယ်။

သူ့ရဲ့ September လတုန်းက အသက် ၃၄ နှစပြည့်မွေးနေ့မှာ ဘာလက်ဆောင်ပေးရမှန်း မသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့။ဘာမှမလိုဘူး။ ကလေးနဲ့မိခင် ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့…သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ် 💖💖💖 ။အတိတ်ကအတိတ်ပါပဲ။ ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်🌲🎀ကျန်းမာပျော်ရွှင်ကြပါစေ” တေးသံရှင် ချမ်းချမ်း🎁 ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

Swelsone News

  • Leave a Comment

Categories