




credit – Myanmarload

Unicode

ဂေါက်ရိုက်ရတာ အရူးအမူးဖြစ်လွန်းတဲ့ ဦးတီရဲ့ မွေးနေ့မှာ ကိတ်ပုံစံ အထူးအဆန်းလေးတွေမှာပြီး Surprise လုပ်ပေးခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ပြေတီဦးကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောထားပြည့်ဝကောင်းမွန်လို့ အားလုံးက ချစ်ခင်ရသူပဲ ဖြစ်ပါတယ်။ ပြေတီဦးဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုများစွာကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်နော်…။

ပြေတီဦးဟာ မင်းသမီးချောအိန္ဒြာကျော်ဇင်နဲ့လည်း သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားသားမီးမီးလေးတွေလည်း ရရှိထားတာဖြစ်ပါတယ်နော်။ ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့လေးကတော့ သရုပ်ဆောင် မင်းသားချော ပြေတီဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ကျရောက်တဲ့ မွေးနေ့လေးမှာ မိသားစုတွေနဲ့အတူ နွေးထွေးပျော်ရွှင်စွာ ဖြတ်သန်းနေတာပါ။

အိန္ဒြာကျော်ဇင်ကလည်း ကျရောက်တဲ့ ခင်ပွန်းရဲ့ မွေးနေ့လေးမှာ ” Happiest Birthday to my wonderful and outstanding husband, saranghae ကိုကြီးတီတီ ဆိုသည်မှာ ဂေါက် ဘယ်လောက်ကြိုက်လဲဆိုတော့ cake တွေသာ ကြည့်လိုက်ပါတော့ ” ဆိုတဲ့ စာသားလေးအပြင် ဂေါက်ကွင်းပုံစံ ကိတ်အလှလေးတွေကို တင်ပေးလာတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်….. ။

Source and Photo credit – Eaindra Kyaw Zin

credit – Myanmarload

  • Leave a Comment

Categories