အသက္မ်ားစြာကိုကယ္တင္ေပးေနတဲ့ သမီးဆရာဝန္မႀကီးအတြက္ အၿမဲဂုဏ္ယူေနရၿပီး သမီးရဲ႕အိမ္ေထာင္ေရးသာယာဖို႔ဆုေပးလိုက္တဲ့ ေက်ာ္သူတို႔ဇနီးေမာင္ႏွံ

အခုခ်ိန္မွာ ပရဟိတမင္းသားႀကီးအျဖစ္ အားလုံးရဲ႕ေလးစားခ်စ္ခင္မႈကို ရရွိထားသူကေတာ့ ဦးေက်ာ္သူပဲ ျဖစ္ပါတယ္ ။ တစ္ခ်ိန္က အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ ေက်ာ္သူက လက္ရွိမွာေတာ့ ပရဟိတအလုပ္ေတြကို အားစိုက္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ ေက်ာ္သူက ဘုရားတရားလည္းကိုင္းရႈိင္းသလို စိတ္ကိုေအးခ်မ္းၾကည္လင္စြာထားၿပီး ကိစၥတိုင္းကို ၿပီးေျမာက္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္တတ္တဲ့ ေခါင္းေဆာင္ေကာင္းပဲ ျဖစ္ပါတယ္ ။

ေက်ာ္သူက သူခ်စ္ရတဲ့ဇနီးေခ်ာေလး ေဒၚေ႐ႊဇီးကြက္နဲ႔ ေအးခ်မ္းစြာေနထိုင္ေနတာျဖစ္ၿပီး သူ႔ရဲ႕သားသမီးေတြနဲ႔ေတာ့ အၿမဲတမ္းဖုန္းေျပာေလ့ရွိတာ ျဖစ္ပါတယ္ ။ အခုလည္း ေက်ာ္သူနဲ႔ ေဒၚေ႐ႊဇီးကြက္တို႔ဇနီးေမာင္ႏွံက သူတို႔ခ်စ္ရတဲ့သမီးေလးအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြ ေတာင္းေပးခဲ့ၾကပါတယ္။ ေက်ာ္သူက “Happy Birthday!!! သမီး ျမင့္မိုရ္ဦးလူသားမ်ား၏က်န္းမာေရးကိုေစာင့္ေရွာက္ႏိုင္ကာ အသက္မ်ားစြာကို ကယ္တင္ႏိုင္သည့္ သူေတာ္ေကာင္းဆရာ၀န္မႀကီးျဖစ္ၿပီး မိသားစုႏွင့္ ႐ိုးေျမက်သည္အထိ ခ်စ္ခင္စည္းလုံးညီၫြတ္စြာ ေပါင္းသင္းေနထိုင္သြားႏိုင္ပါေစ။ ေဖေဖေက်ာ္သူ+ေမေမေ႐ႊဇီးကြက္” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္ ။

ေမေမေ႐ႊဇီးကြက္ကေတာ့ “Happy Birthday သမီးေလး Dimple Myint Mo Oo& Happy Anniversary Dicky Zin & Dimple. ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာစြာနဲ႔ လိုအင္ဆႏၵေတြအားလုံးတစ္လုံးတစ္ဝတည္း ျပည့္စုံပါေစ။ဝိပႆနာဘာဝနာကို လြယ္ကူစြာက်င့္ႀကံအားထုတ္ႏိုင္ၿပီး ဒီဘဝဒီခႏၶာနဲ႔ မဂ္ဖိုလ္နိဗၺာန္ကို ရရွိႏိုင္ပါေစ။ ခ်စ္တဲ့ေဖေဖေက်ာ္သူနဲ႔ ေမေမေ႐ႊဇီးကြက္” ဆိုၿပီးေျပာထားတာ ျဖစ္ပါတယ္ ။ ကဲ ေက်ာ္သူတို႔ဇနီးေမာင္ႏွံနဲ႔သမီးေခ်ာေလး Dimple တို႔ရဲ႕ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Kyaw Thu’s FB Acc & Myint Myint Khin Phe

credit – Myanmarload

Unicode

အသက်များစွာကိုကယ်တင်ပေးနေတဲ့ သမီးဆရာဝန်မကြီးအတွက် အမြဲဂုဏ်ယူနေရပြီး သမီးရဲ့အိမ်ထောင်ရေးသာယာဖို့ဆုပေးလိုက်တဲ့ ကျော်သူတို့ဇနီးမောင်နှံ

အခုချိန်မှာ ပရဟိတမင်းသားကြီးအဖြစ် အားလုံးရဲ့လေးစားချစ်ခင်မှုကို ရရှိထားသူကတော့ ဦးကျော်သူပဲ ဖြစ်ပါတယ် ။ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကျော်သူက လက်ရှိမှာတော့ ပရဟိတအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ကျော်သူက ဘုရားတရားလည်းကိုင်းရှိုင်းသလို စိတ်ကိုအေးချမ်းကြည်လင်စွာထားပြီး ကိစ္စတိုင်းကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်ကောင်းပဲ ဖြစ်ပါတယ် ။

ကျော်သူက သူချစ်ရတဲ့ဇနီးချောလေး ဒေါ်ရွှေဇီးကွက်နဲ့ အေးချမ်းစွာနေထိုင်နေတာဖြစ်ပြီး သူ့ရဲ့သားသမီးတွေနဲ့တော့ အမြဲတမ်းဖုန်းပြောလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ဇနီးမောင်နှံက သူတို့ချစ်ရတဲ့သမီးလေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။ ကျော်သူက “Happy Birthday!!! သမီး မြင့်မိုရ်ဦးလူသားများ၏ကျန်းမာရေးကိုစောင့်ရှောက်နိုင်ကာ အသက်များစွာကို ကယ်တင်နိုင်သည့် သူတော်ကောင်းဆရာ၀န်မကြီးဖြစ်ပြီး မိသားစုနှင့် ရိုးမြေကျသည်အထိ ချစ်ခင်စည်းလုံးညီညွတ်စွာ ပေါင်းသင်းနေထိုင်သွားနိုင်ပါစေ။ ဖေဖေကျော်သူ+မေမေရွှေဇီးကွက်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။

မေမေရွှေဇီးကွက်ကတော့ “Happy Birthday သမီးလေး Dimple Myint Mo Oo& Happy Anniversary Dicky Zin & Dimple. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ လိုအင်ဆန္ဒတွေအားလုံးတစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ။ဝိပဿနာဘာဝနာကို လွယ်ကူစွာကျင့်ကြံအားထုတ်နိုင်ပြီး ဒီဘဝဒီခန္ဓာနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိနိုင်ပါစေ။ ချစ်တဲ့ဖေဖေကျော်သူနဲ့ မေမေရွှေဇီးကွက်” ဆိုပြီးပြောထားတာ ဖြစ်ပါတယ် ။ ကဲ ကျော်သူတို့ဇနီးမောင်နှံနဲ့သမီးချောလေး Dimple တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Kyaw Thu’s FB Acc & Myint Myint Khin Phe

credit – Myanmarload

  • Leave a Comment