




credit – Myanmarload

Unicode

မနက်နိုးတာနဲ့ မေမေလို့အတင်းခေါ်ပြီး ခြေထောက်တွေနဲ့ကန်ကာ အနိုင်ကျင့်နေတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်တို့မိသားစုကတော့ Treasureလေးကြောင့် သူမတို့အိမ်လေးကစိုပြေပြီး သာယာအေးချမ်းနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး အစားအသောက်ကအစ သေချာဂရုစိုက်ကျွေးမွေးတာဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်က သမီးလေးကို အရမ်းချစ်ကြပြီး လိုလေသေးမရှိအောင် ထားပေးတာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က Treasureလေးကို လှလှပပလေးပြင်ဆင်ပေးတတ်ပြီး ကြော်ငြာတွေလည်းအတူတူရိုက်ထားတာဖြစ်ပါတယ်။Treasureလေးကတော့ ၁နှစ်ကျော်အရွယ်ပဲရှိသေးပေမယ့် အရမ်းတတ်ပြီး ချစ်စရာအမူအရာလေးတွေလည်းလုပ်ပြတတ်ပါတယ်နော်။Treasureလေးကို ပရိသတ်တွေကလည်း အရမ်းချစ်ကြလို့ Treasureလေးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Treasureလေးကတော့ မနက်အိပ်ရာစောစောထတဲ့အချိန်ဆိုရင် မေမေ့ကို အတင်းနှိုးပြီး ချစ်စရာအပြုအမူလေးတွေလည်း လုပ်တတ်ပါသေးတယ်နော်။အခုဆိုရင်လည်း အိပ်ရာကနေအစောကြီးထပြီး မေမေလို့အတင်းခေါ်ကာ ခြေထောက်တွေနဲ့ကန်နေတာဖြစ်ပါတယ်။မေမေဒီးဒီကတော့ သမီးလေးရဲ့ချစ်စရာအမူအရာတွေကြောင့် ပိုပြီးချစ်မဝဖြစ်နေကာ သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Sandy Myint Lwin

credit – Myanmarload

  • Leave a Comment