Taxi ငွားစီးရင္း တုန္တုန္ခ်ိခ်ိနဲ႔ေမာင္းပို႔ေပးေနတဲ့ ကားဆရာအဘကိုသနားၿပီး ပါလာတဲ့ေငြေတြနဲ႔ကန္ေတာ့ခဲ့တဲ့ ဂ်ဴနီယာခ်စ္ေကာင္းရဲ႕ဗီဒီယို

ဝါရင့္အဆိုေတာ္ခ်စ္ေကာင္းရဲ႕သားေလးျဖစ္တဲ့ ဂ်ဴနီယာခ်စ္ေကာင္းကေတာ့ ဖခင္ျဖစ္သူရဲ႕ဂီတအေမြေတြကို ဆက္ခံခဲ့သူ ျဖစ္ပါတယ္ ။ ပင္ကိုယ္အသံေကာင္းသလို ပါရမီလည္းပါတဲ့ ဂ်ဴနီယာခ်စ္ေကာင္းက သီခ်င္းေကာင္းေလးေတြကို ဖန္တီးသီဆိုေနတာပဲ ျဖစ္ပါတယ္ ။ ဂ်ဴနီယာခ်စ္ေကာင္းကိုေတာ့ အစ္မျဖစ္တဲ့အိမ့္ခ်စ္ကလည္း အတူလက္တြဲေခၚတာေၾကာင့္ အခုဆိုရင္ ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔အတူ ေနရာတစ္ေနရာရရွိၿပီး ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္ ။

ဂ်ဴနီယာခ်စ္ေကာင္းက ကိုယ္ပိုင္စတိုင္လ္ေလးနဲ႔ ေအးေအးေဆးေဆးေနတတ္သလို စိတ္ရင္းေကာင္းသူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ အခုလည္း ဂ်ဴနီယာခ်စ္ေကာင္းက အျပင္သြားရင္း သူငွားစီးခဲ့တဲ့ Taxi ဆရာအဘကိုသနားၿပီး အလႉေငြေလးကန္ေတာ့ျဖစ္ခဲ့ေၾကာင္း မွ်ေဝထားတာ ျဖစ္ပါတယ္ ။ ဂ်ဴနီယာခ်စ္ေကာင္းက “ဟိုတစ္ေန႔က သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ ဆုံျဖစ္ၾကေတာ့ ပစၥည္းတစ္ခုလိုတာနဲ႔ ကားလည္းမေမာင္းခ်င္ၾကေတာ့တာနဲ႔ Taxi နဲ႔သြားဝယ္မယ္ဆိုၿပီးလုပ္ၾကတာ…Taxi ေမာင္းတဲ့အဘႀကီး….အသက္လည္းအရမ္းႀကီးေနၿပီ….ည(၈)ေလာက္ရွိၿပီ အဘအေျခအေနဘယ္လိုရွိလဲဆိုေတာ့ တစ္ေၾကာင္းမွမလိုက္ရေသးပါဘူး တူေလးရာတဲ့ ဆီဖိုးေလးရရင္ေက်နပ္ပါတယ္တဲ့”

“တုန္တုန္ခ်ိခ်ိနဲ႔ေမာင္းၿပီး စိတ္ရွည္လက္ရွည္ပို႔ရွာတယ္….ဘယ္ေလာက္က်လဲအဘဆိုေတာ့ ဆရာအဆင္ေျပသလိုသာေပးပါတဲ့ေတာ္ေတာ္သနားသြားတယ္ ပိုက္ဆံေလး ေလးေသာင္းကန္ေတာ့ခဲ့တယ္ ခ်မ္းသာေနလို႔မဟုတ္ပါဘူးဗ်ာ ကိုယ့္ရွိတဲ့ထဲေလးကေဝမွ်တာေပါ့ မလုပ္ပါနဲ႔ဆရာဆိုတာႀကီးပဲ အတင္းေပးရတယ္ ကြၽန္ေတာ့္ကိုလက္အုပ္ေလးျပန္ခ်ီျပရွာတယ္ ေတာ္ေတာ္ကိုသနားသြားတယ္ ခက္ခဲတဲ့ကာလႀကီးမွာ လူသားတိုင္းအဆင္ေျပၾကပါေစ…တတ္ႏိုင္တဲ့ဘက္ကေန ကိုယ္တတ္ႏိုင္သေလာက္ေလး ဆက္လက္ေဝမွ်သြားပါဦးမယ္…အဘႀကီးပုံေတာ့မထည့္ေတာ့ပါဘူး ေလးစားေသာအားျဖင့္” ဆိုၿပီး ဗီဒီယိုေလးနဲ႔အတူ သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ တင္ထားတာပဲ ျဖစ္ပါတယ္ ။

Source and Video Credit-Junior Chit Kaung

credit – Myanmarload

Unicode

Taxi ငှားစီးရင်း တုန်တုန်ချိချိနဲ့မောင်းပို့ပေးနေတဲ့ ကားဆရာအဘကိုသနားပြီး ပါလာတဲ့ငွေတွေနဲ့ကန်တော့ခဲ့တဲ့ ဂျူနီယာချစ်ကောင်းရဲ့ဗီဒီယို

ဝါရင့်အဆိုတော်ချစ်ကောင်းရဲ့သားလေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းကတော့ ဖခင်ဖြစ်သူရဲ့ဂီတအမွေတွေကို ဆက်ခံခဲ့သူ ဖြစ်ပါတယ် ။ ပင်ကိုယ်အသံကောင်းသလို ပါရမီလည်းပါတဲ့ ဂျူနီယာချစ်ကောင်းက သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုနေတာပဲ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းကိုတော့ အစ်မဖြစ်တဲ့အိမ့်ချစ်ကလည်း အတူလက်တွဲခေါ်တာကြောင့် အခုဆိုရင် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နေရာတစ်နေရာရရှိပြီး အောင်မြင်နေပြီ ဖြစ်ပါတယ် ။

ဂျူနီယာချစ်ကောင်းက ကိုယ်ပိုင်စတိုင်လ်လေးနဲ့ အေးအေးဆေးဆေးနေတတ်သလို စိတ်ရင်းကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလည်း ဂျူနီယာချစ်ကောင်းက အပြင်သွားရင်း သူငှားစီးခဲ့တဲ့ Taxi ဆရာအဘကိုသနားပြီး အလှူငွေလေးကန်တော့ဖြစ်ခဲ့ကြောင်း မျှဝေထားတာ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းက “ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်အိမ်မှာ ဆုံဖြစ်ကြတော့ ပစ္စည်းတစ်ခုလိုတာနဲ့ ကားလည်းမမောင်းချင်ကြတော့တာနဲ့ Taxi နဲ့သွားဝယ်မယ်ဆိုပြီးလုပ်ကြတာ…Taxi မောင်းတဲ့အဘကြီး….အသက်လည်းအရမ်းကြီးနေပြီ….ည(၈)လောက်ရှိပြီ အဘအခြေအနေဘယ်လိုရှိလဲဆိုတော့ တစ်ကြောင်းမှမလိုက်ရသေးပါဘူး တူလေးရာတဲ့ ဆီဖိုးလေးရရင်ကျေနပ်ပါတယ်တဲ့”

“တုန်တုန်ချိချိနဲ့မောင်းပြီး စိတ်ရှည်လက်ရှည်ပို့ရှာတယ်….ဘယ်လောက်ကျလဲအဘဆိုတော့ ဆရာအဆင်ပြေသလိုသာပေးပါတဲ့တော်တော်သနားသွားတယ် ပိုက်ဆံလေး လေးသောင်းကန်တော့ခဲ့တယ် ချမ်းသာနေလို့မဟုတ်ပါဘူးဗျာ ကိုယ့်ရှိတဲ့ထဲလေးကဝေမျှတာပေါ့ မလုပ်ပါနဲ့ဆရာဆိုတာကြီးပဲ အတင်းပေးရတယ် ကျွန်တော့်ကိုလက်အုပ်လေးပြန်ချီပြရှာတယ် တော်တော်ကိုသနားသွားတယ် ခက်ခဲတဲ့ကာလကြီးမှာ လူသားတိုင်းအဆင်ပြေကြပါစေ…တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သလောက်လေး ဆက်လက်ဝေမျှသွားပါဦးမယ်…အဘကြီးပုံတော့မထည့်တော့ပါဘူး လေးစားသောအားဖြင့်” ဆိုပြီး ဗီဒီယိုလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာပဲ ဖြစ်ပါတယ် ။

Source and Video Credit-Junior Chit Kaung

credit – Myanmarload

  • Leave a Comment