



Video ကြည့်ရန်


Unicode

အနုပညာချွေးနဲစာနဲ့ မိဘတွေကို တင့်တောင်းတင့်တယ် ထားနိုင်အောင် ရန်ကုန်မှာအိမ်ဝယ်လိုက်တဲ့ ဖြူဖြူထွေးရဲ့ အမိုက်စားအိမ်ကြီးကို သွားလည်ရအောင်

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် ဖြူဖြူထွေးကတော့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။ သူမဟာဆိုရင် အကဗီဒီယိုလေးတွေ ရိုက်ကူးရင်း ပရိသတ်တွေနဲ့ သိကျွမ်းလာခဲ့တဲ့ သူပါ။ ပရိသတ်တွေရဲ့ ဝေဖန်သံတွေကို အားဆေးအဖြစ် ပြုပြင်ပြောင်းလဲပြီး အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်စွာ ရပ်တည်ခဲ့တဲ့ သူမက ယခုဆိုရင် ပရိသတ်ရင်ထဲ နေရာတစ်ခု အရယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဖြူဖြူထွေးက အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာလေးတွေကို ဆက်တိုက်ရိုက်ကူးနေပြီး photo shooting တွေကိုလည်း မနားတမ်းရိုက်ကူးနေရသူပါ။ အနုပညာအလုပ်တွေအပြင် အားလပ်တဲ့ အချိန်လေးတွေမှာတော့ ပရဟိတလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်လေ့ရှိတာဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ တော့ပရိသတ်ကြီးကို ဖြူဖြူထွေးရဲ့ အိမ်ကို အလည်ခေါ်သွားမှာပဲဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ ရန်ကုန်မှာ ကိုယ်ပိုင်အိမ်ဝယ်ယူထားတာပဲဖြစ်ပါတယ်။ဖြူဖြူထေးက “နယ်မှ နေခဲ့ရတဲ့ ဘဝတုန်းကလည်း ပျော်နေတာပဲ။ ဘာမှန်းမသိတဲ့ ကလေးတစ်ယောက်လို့ပဲ ပျော်နေတယ်။ ရန်ကုန် ရောက်တော့ တိုက်ခန်း နဲ့ နေနေ၊ ကိုယ်ပိုင် အိမ်နဲ့ နေနေ ပျော်နေတာပါပဲ။ တစ်နေ့ကျရင် ဒီစည်းစိမ်ဥစ္စာတွေ က ဘာမှ မဟုတ်ဘူး ဆိုတာ သိတော့ အစွဲအလန်း မရှိဘူး။ ဒါပေမယ့် အခုလို နေရ အချိန်လေးမှာ မိသားစု နဲ့ ပျော်အောင် နေတယ်” ဆိုပြီးပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video Source : Myammar Celebrity

  • Leave a Comment