ကိုယ့္အတၱနဲ႔ ေလာဘေတြၾကားမွာအေၾကာင္းမဲ့ပိတ္မိၿပီး မိသားစုကိုပါ ေမ့ေလ်ာ့ေနမိတဲ့အေၾကာင္းေရးသားေျပာျပလာတဲ့ ေက်ာ္ေက်ာ္

သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ကေတာ့ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္လည္း အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ေနသူျဖစ္တာေၾကာင့္ အၿမဲေအာင္ျမင္မႈေတြ ရရွိေနတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ လႈပ္ရွားမႈေတြတိုင္းကိုလည္း ပရိသတ္ေတြထံ အၿမဲေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း ကိုယ့္အတၱနဲ႔ ေလာဘေတြၾကားမွာ အေၾကာင္းမဲ့ပိတ္မိၿပီး ကိုယ့္ရဲ႕မိသားစုကိုပါ ေမ့ေလ်ာ့ေနမိတဲ့အေၾကာင္းကို ေရးသားေျပာျပလာတာပဲ ျဖစ္ပါတယ္။ ” တစ္ခါတစ္ေလ ကြၽန္ေတာ့္မွာ ခ်စ္စရာေကာင္းတဲ့ညီမေလးရွိတာ ေမ့ေနမိတယ္…ဒီလိုပဲ သူမဟာ သားတစ္ေယာက္ရဲ႕မိခင္ ျဖစ္တယ္ဆိုတာလဲ ေမ့ေနမိတယ္…

တစ္ခါတစ္ေလ က်ေနာ့္ကို သိပ္ခ်စ္တဲ့အေဖနဲ႔ က်ေနာ့္ကို အၿမဲတမ္းစိတ္ပူေနတဲ့အေမ့ကို လည္း

ေမ့ေနတတ္တယ္…ဒီလိုပဲ ကြၽန္ေတာ့္ကိုအေဝးကေနသတိရေနတဲ့ အဖြား…ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးတဲ့ အေဒၚ နဲ႔ ေယာက္ဖ မိသားစုေတြအားလုံးကို တစ္ခါတစ္ေလ ေမ့ေနမိတက္တယ္…

ကြၽန္ေတာ္တို႔ေတြဟာ ကိုယ့္အတၱ ကိုယ့္ေလာဘေတြၾကားထဲမွာ အေၾကာင္းမဲ့ပိတ္မိေနပီး တစ္ခါတစ္ေလ ေငြနဲ႔ေပးဝယ္လို႔မရတဲ့ ခ်စ္ခင္ရတဲ့သူေတြကို ေမ့ေနမိတက္တယ္…ခုလို မနက္ျဖန္ဘာျဖစ္မယ္မွန္းမသိရတဲ့ ေခတ္ႀကီးထဲမွာ ခ်စ္ရတဲ့သူေတြနဲ႔အတူရွိေနခြင့္ရဖို႔ပဲ အေရးႀကီးေတာ့တာပါ…

ေလာဘနည္းနည္း ေဒါသနည္းနည္း ေမာဟနည္းနည္းဆီေလွ်ာ့ၿပီး တန္ဖိုးရွိတဲ့မိသားစု.. တန္ဖိုးရွိတဲ့ခ်စ္ရသူေတြကို မေမ့မေလ်ာ့ဘဲ ႏွလုံးသားထဲစြဲၿမဲစြာထည့္ထားျခင္းကသာ ခုခ်ိန္မွာ အဖိုးတန္လွတဲ့ဘဝတစ္ခုကို ပိုင္ဆိုင္မွာပါ..” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd- Kyaw Naing Oo

credit – Myanmarload

Unicode

ကိုယ့်အတ္တနဲ့ လောဘတွေကြားမှာအကြောင်းမဲ့ပိတ်မိပြီး မိသားစုကိုပါ မေ့လျော့နေမိတဲ့အကြောင်းရေးသားပြောပြလာတဲ့ ကျော်ကျော်

သရုပ်ဆောင် ကျော်ကျော်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူဖြစ်တာကြောင့် အမြဲအောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေထံ အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ကိုယ့်အတ္တနဲ့ လောဘတွေကြားမှာ အကြောင်းမဲ့ပိတ်မိပြီး ကိုယ့်ရဲ့မိသားစုကိုပါ မေ့လျော့နေမိတဲ့အကြောင်းကို ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။ ” တစ်ခါတစ်လေ ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ညီမလေးရှိတာ မေ့နေမိတယ်…ဒီလိုပဲ သူမဟာ သားတစ်ယောက်ရဲ့မိခင် ဖြစ်တယ်ဆိုတာလဲ မေ့နေမိတယ်…

တစ်ခါတစ်လေ ကျနော့်ကို သိပ်ချစ်တဲ့အဖေနဲ့ ကျနော့်ကို အမြဲတမ်းစိတ်ပူနေတဲ့အမေ့ကို လည်း

မေ့နေတတ်တယ်…ဒီလိုပဲ ကျွန်တော့်ကိုအဝေးကနေသတိရနေတဲ့ အဖွား…ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့ အဒေါ် နဲ့ ယောက်ဖ မိသားစုတွေအားလုံးကို တစ်ခါတစ်လေ မေ့နေမိတက်တယ်…

ကျွန်တော်တို့တွေဟာ ကိုယ့်အတ္တ ကိုယ့်လောဘတွေကြားထဲမှာ အကြောင်းမဲ့ပိတ်မိနေပီး တစ်ခါတစ်လေ ငွေနဲ့ပေးဝယ်လို့မရတဲ့ ချစ်ခင်ရတဲ့သူတွေကို မေ့နေမိတက်တယ်…ခုလို မနက်ဖြန်ဘာဖြစ်မယ်မှန်းမသိရတဲ့ ခေတ်ကြီးထဲမှာ ချစ်ရတဲ့သူတွေနဲ့အတူရှိနေခွင့်ရဖို့ပဲ အရေးကြီးတော့တာပါ…

လောဘနည်းနည်း ဒေါသနည်းနည်း မောဟနည်းနည်းဆီလျှော့ပြီး တန်ဖိုးရှိတဲ့မိသားစု.. တန်ဖိုးရှိတဲ့ချစ်ရသူတွေကို မမေ့မလျော့ဘဲ နှလုံးသားထဲစွဲမြဲစွာထည့်ထားခြင်းကသာ ခုချိန်မှာ အဖိုးတန်လှတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်မှာပါ..” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Naing Oo

credit – Myanmarload

  • Leave a Comment