



Source and Photo Credit-Ngu Wah Wah

credit – Myanmarload

Unicode

ချစ်ဇနီးနဲ့သမီးတွေအပေါ်မှာ နွေးထွေးမှုပေးပြီး စိတ်ချမ်းသာအောင်ထားတဲ့ခင်ပွန်းကိုရထားလို့ အိမ်ထောင်ရေးကံကောင်းနေတဲ့ ဇူးဇူးမောင်

မင်းသမီးချောလေး ဇူးဇူးမောင်ကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့တာ အချိန်အတော်ကြာအောင်ရှိနေပြီဆိုပေမယ့်လည်း ပရိသတ်တွေက သူမကိုချစ်ခင်အားပေးနေဆဲ ဖြစ်ပါတယ် ။ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ဇူးဇူးမောင်က အခုဆိုရင် သမီးချောလေးနှစ်ယောက်ကိုပါ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဇူးဇူးမောင်ရဲ့သမီးလေးတွေကလည်း အရမ်းချစ်စရာကောင်းပြီး အချောလေးတွေ ဖြစ်ကြပါတယ်။

ပြည်ပမှာပဲ အခြေချနေထိုင်နေတဲ့ ဇူးဇူးမောင်က အများကအားကျရလောက်တဲ့ မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ် ။ ဇူးဇူးမောင်ရဲ့ခင်ပွန်းဖြစ်သူကလည်း သူမနဲ့မိသားစုလေးအပေါ်မှာ နွေးထွေးမှုပေးနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။ စိတ်ချမ်းအောင်ထားပေးတတ်တဲ့ ခင်ပွန်းကိုရထားတဲ့ ဇူးဇူးမောင်ကအိမ်ထောင်ရေးကံကောင်းပြီး ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။

ဒီနေ့ကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးဖြစ်တာကြောင့် ဇူးဇူးမောင်က အမှတ်တရတစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဇူးဇူးမောင်က “Chloe လေး 2 နှစ်ခွဲ ကျော် အရွယ်လေးတုန်းက Covid ကြောင့် ကလေးတွေကို အဲလိုလေးလိုက်မပို့ရတာ 9 လလောက်ရှိပြီ ဒီကပ်ဆိုးကြီး ဘေးမှ အမြန်ဆုံးလွတ်မြောက်နိင်ကြပါစေရှင်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ကဲ ပျော်ရွှင်စရာကောင်းတဲ့ ဇူးဇူးမောင်တို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Ngu Wah Wah

credit – Myanmarload

  • Leave a Comment