




credit – Myanmarload

Unicode

ထိပ်ထိပ်နဲ့ နှစ်ယောက်သား အတူထိုင်ပြီး အပန်းဖြေနေတဲ့ သားလေးကို ဓာတ်ပုံလေးရိုက်ပြီး စနောက်လိုက်တဲ့မေမေ ထွန်းအိန္ဒြာဗိုလ်

ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားကြတဲ့ ပြည်သူချစ်ဝါရင့်အနုပညာရှင်ကြီးများထဲတွင် ထွန်းအိန္ဒြာဗိုလ်လည်းအပါအဝင်ဖြစ်ပါတယ်နော်။ သူမဟာနှောင်းတမြေ့မြေ့၊အမေ့နို့ဖိုး၊မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍စတဲ့ရုပ်ရှင်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့အောင်မြင်မှုတွေရရှိခဲ့ရုံသာမက အဆိုတော်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးတော့ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကိုလည်းထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ မိသားစုကိုလည်းအချိန်ပေးတဲ့သူဖြစ်ပြီး သားငယ်လေးနဲ့လည်းပျော်ပျော်ပါးပါးနေတတ်တဲ့သူပါ။ သားလေးဟာလည်း လိမ္မာရေးခြားရှိတဲ့သူလေးလည်းဖြစ်ပြီးတော့ Golfရိုက်ကျွမ်းကျင်တဲ့သူလည်း ဖြစ်တာကြောင့် မေမေအမြဲဂုဏ်ယူနေရတဲ့ သားလေးတစ်ယောက်ပါနော် ….။

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးနဲ့ ခိုင်သင်းကြည်ရဲ့သမီးချောလေးထိပ်ထိပ်‌ဟာလည်း အရမ်းခင်ကြတဲ့သူငယ်ချင်းလေးတွေဖြစ်ကြတာလည်းဖြစ်တာကြောင့် နှစ်ယောက်သားမကြာခဏဆိုသလိုလည်း တွေ့ဖြစ်ကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း သားလေးဖြစ်သူနဲ့ ထိပ်ထိပ်လေးတို့ တွေ့နေတုန်းလေးကို မေမေထွန်းအိန္ဒြာဗိုလ်ကဓာတ်ပုံလေးလှမ်းရိုက်ပြီး စနောက်လိုက်တာဖြစ်ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and photo credit-Mi Mi Khine

credit – Myanmarload

  • Leave a Comment