




credit – Myanmarload

Unicode

သမီးလေးက အနောက်မှာလာပြောင်နေတာကိုမသိဘဲ အပီအပြင်ပဲပေးပြီး စတိုင်လ်ခပ်မိုက်မိုက်နဲ့ဓာတ်ဖမ်းနေတဲ့ အူဝဲ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ ယနေ့ခေတ်ထိတိုင်အောင် အောင်မြင်မှုတွေကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်က မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ချစ်ခင်ပွန်းပြေတီဦးကလည်း နာမည်ကြီးတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်နော်။အူဝဲတို့ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ဝါသနာလည်းတူကြတာကြောင့် အရမ်းလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်။

အူဝဲက ကလေးနှစ်ယောက်ကိုမွးဖွားထားပြီး အသက်(၄၀)ကျော်အရွယ်ရှိပေမယ့် သူမတူအောင်လှပနေဆဲဖြစ်ပါတယ်။သားသမီးနှစ်ယောက်လုံးကလည်း ချစ်မွေးလေးတွေပါလို့ လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်နော်။အူဝဲတို့ဇနီးမောင်နှံနှစ်‌ယောက်လုံးက သားနဲ့သမီးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးကြပြီး ဆုံးမသွန်သင်ပေးလို့ ကလေးတွေက လိမ္မာရေးခြားရှိကြပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ အူဝဲနဲ့ပြေတီဦးတို့လည်း အနုပညာအလုပ်တွေနားထားရတာဖြစ်လို့ မိသားစုကိုသာအချိန်အပြည့်အဝပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ အူဝဲက သမီးလေးနဲ့အတူ အပြင်မှာမုန့်ထွက်ဝယ်ကြတာဖြစ်ပါတယ်။အူဝဲက”အမေကအရှေ့မှာ ပဲများပြီးရိုက်နေတာကို မယ်သု အနောက်ကလာပြောင်နေတာကို မသိလိုက်ဘူး”ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Eaindra Kyaw Zin

credit – Myanmarload

  • Leave a Comment