




credit – Myanmarload

Unicode

နေကြာစေ့စားရင်းနဲ့ ကံကောင်းလွန်းလို့ ပိုက်ဆံငါးသောင်းတောင် ထူးခြားစွာကံစမ်းမဲပေါက်ခဲ့တဲ့ ဇွဲနိုင်ဝင်း

ပရိသတ်ကြီးရေ သရုပ်ဆောင်ဇွဲနိုင်ဝင်းကတော့ တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီး‌တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဇွဲနိုင်ဝင်းက ဆရာ၊အစ်ကိုလို လေးစားချစ်ခင်ရတဲ့ အကယ်ဒမီဒွေးနဲ့လည်း အနုပညာအလုပ်တွေအတူတူတွဲလုပ်ခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း ဇွဲနိုင်ဝင်းက ဒွေးကိုသတိတရရှိနေဆဲဖြစ်လို့ အမှတ်တရတွေကို အမြဲတမ်းမျှဝေနေတာဖြစ်ပါတယ်နော်။

ဇွဲနိုင်ဝင်းက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လက်ရှိမှာ‌တော့ ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်ပြီး ရရှိလာတဲ့ဝင်ငွေတွေနဲ့ မိဘနှစ်ပါးကိုလည်း ကန်တော့ပါတယ်နော်။ဇွဲနိုင်ဝင်းကတော့ ယောက်ျားပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အေးအေးဆေးဆေးနေတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဇွဲနိုင်ဝင်းက စိတ်သဘောထားလည်းပြည့်ဝပြီး လူတိုင်းအပေါ်ရိုးသားစွာဆက်ဆံတတ်လို့ ချစ်သူခင်သူတွေလည်းပေါများပါတယ်နော်။အခုဆိုရင်တော့ ဇွဲနိုင်ဝင်းက နေကြာစေ့စားရင်းနဲ့တောင် ကံကောင်းလွန်းလို့ ပိုက်ဆံငါးသောင်း ကံစမ်းမဲပေါက်ခဲ့တာဖြစ်ပါတာ်။နေကြာစေ့စားရင် အဲ့ဒီလောက်အများကြီးရတဲ့လူရှားပါးတာကြောင့် ဇွဲနိုင်ဝင်းက သူ့ရဲ့ကံကောင်းပုံလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Zwe Naing Win

credit – Myanmarload

  • Leave a Comment