




credit – Myanmarload

Unicode

ဒီနေ့ကစပြီး သိန်း(၁၀၀၀)ကို ဆက်တိုက်လှူဒါန်းသွားမှာဖြစ်လို့ အရမ်း‌ပျော်ရွှင်ကာ တက်ကြွ‌နေတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကမှာ တောက်ပလာတဲ့ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ပါတယ်နော်။နေခြည်ဦးက သူ့ရဲ့ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးဆက်ဆံပြီး အမြဲပျော်အောင်လုပ်ပေးတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။နေခြည်ဦးက ပွင့်လင်းစွာပြောဆိုတတ်ပြီး သွက်သွက်လက်လက်နဲ့အရမ်းတက်ကြွလွန်းသူဖြစ်လို့ ပရိသတ်တွေက သူမကိုချစ်မဝဖြစ်နေကြတာပါနော်။

နေခြည်ဦးက လက်ရှိအချိန်မှာဆိုရင်တော့ ရတနာဆိုင်တွေအတွက် Liveလွှင့်ပြီးရောင်းချပေးနေသလို သူမကိုယ်တိုင်လည်း ရတနာတွေဝယ်စုနေတာဖြစ်ပါတယ်။နေခြည်ဦးက လူငယ်ပီပီ စတိုင်လ်ခပ်မိုက်မိုက်လေးနေတတ်ပြီး ခေတ်ရေစီးကြောင်းနဲ့အညီဖက်ရှင်ကျစွာ ဝတ်ဆင်တတ်ပါတယ်နော်။နေခြည်ဦးက သူမရဲ့တစ်နေ့တာလှုပ်ရှားမှုမှန်သမျှကိုလည်း အမြဲမပြတ်မျှဝေပေးလေ့ရှိပြီး ဘယ်အကြောင်းကိုအရာမဆို အရမ်းပွင့်လင်းတာဖြစ်ပါတယ်။

နေခြည်ဦးက သူမကိုယ်တိုင်လည်း သိန်းရာချီတန်တဲ့အသုံးအဆောင်တွေကို ဝယ်ယူတတ်သလို အပေးအကမ်းလည်းအရမ်းရက်ရောပါတယ်နော်။အခုဆိုရင်လည်း နေခြည်ဦးက ဒီနေ့ကစပြီး နောက်ရက်ဆက်တိုက်တွေအထိ သိန်း(၁၀၀၀)ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။နေခြည်ဦးက အလှူအကြီးကြီးလုပ်ရတော့မှာဖြစ်လို့ အရမ်းတက်ကြွပြီး ပျော်ရွှင်နေတဲ့အကြောင်းလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:beautybynaychi

credit – Myanmarload

  • Leave a Comment