




credit – Myanmarload

Unicode

သနပ်ခါးပါးကွက်ကြားလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေပြီး လင်းလင်းနဲ့အတူ ကလေးလေးလို Tik Tok ဆော့နေတဲ့ ထက်ထက်မိုးဦးရဲ့ဗီဒီယို

ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ မသိသူမရှိလောက်အောင်ကို အောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ ထက်ထက်မိုးဦးလို့ဆိုလိုက်တာနဲ့ပဲ ချစ်စဖွယ်အမူရာမျိုးစုံနဲ့ သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ကြော်ငြာတွေ၊ ဇာတ်ကားတွေကို ပရိသတ်တွေက ပြေးမြင်မိကြမယ်ထင်ပါတယ်နော်။ ကြော်ငြာဘုရင်မလို့ပါ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ထက်ထက်က အခုချိန်မှာလည်း တစ်ဖန်ပြန်လည် အောင်မြင်နေပြန်တာ ဖြစ်ပါတယ် ။

ထက်ထက်က အနုပညာလောကကနေ အချိန်အတော်ကြာအောင် အနားယူခဲ့ပေမယ့်လည်း ပရိသတ်တွေကြားမှာ နာမည်ပျောက်သွားခြင်းမရှိဘဲ အားပေးမှုရနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ထက်ထက်က အခုချိန်မှာ စိန်ရွှေရတနာပစ္စည်းတွေ၊ကားတွေနဲ့ အိမ်ခြံမြေတွေကိုပါ လုပ်ငန်းရှင်တွေကိုယ်စား Live Sale ရောင်းချပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။ အခုတော့ ထက်ထက်က မိတ်ကပ်ဆရာမ လင်းလင်းနဲ့အတူ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့တာ ဖြစ်ပါတယ် ။

ထက်ထက်နဲ့လင်းလင်းတို့က ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ Tik Tok ရိုက်ရင်း ရယ်မောပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။ ပါးနှစ်ဖက်မှာ သနပ်ခါးပါးကွက်ကြားလေး လိမ်းခြယ်ထားတဲ့ ထက်ထက်ကတော့ အရမ်းကိုဟန်ဆောင်မှုကင်းတဲ့ ကလေးလေးနဲ့တူနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးနဲ့ မိတ်ကပ်လင်းလင်းတို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Lin Linn

credit – Myanmarload

  • Leave a Comment