



Source : Yone lay

credit – Myanmarload

Unicode

သားလေးမြတ်သူရဲ့ကားလေးပေါ်မှာ မရမကထိုင်ပြီး ကလေးတွေလိုဆော့ကစားရင်းခွီနေကြတဲ့ မြင့်မြတ်နဲ့ခင်လှိုင်တို့နှစ်ယောက်

မင်းသားချောလေးမြင့်မြတ်ကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ မြင့်မြတ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လူတိုင်းကိုဖော်ဖော်ရွေရွေနဲ့ ပြောဆိုတက်တဲ့မြင့်မြတ်ကတော့ ချစ်စရာ​ကောင်းတဲ့ သားလေးမြတ်သူကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မြတ်နဲ့ ခင်လှိုင်တို့ကတော့ သားလေးမြတ်သူရဲ့ ကားလေးပေါ်မှာ မရမကထိုင်ပြီးကလေးတွေကို ဆော့ကစားရင်းခွီနေကြပါတယ်။

ယုန်လေးကတော့ ” မနေ့ည က ပြိုင်ကားတွေ အရင်လို ပြန်မောင်းချင်လာလို့ ရှိတဲ့ကား အရင်မောင်း “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သားလေးမြတ်သူရဲ့ကားလေးတွေကိုပေါ်မှာထိုင်စီးပြီးပျော်ရွှင်နေကြတဲ့ မြင့်မြတ်နဲ့ ခင်လှိုင်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Yone lay

credit – Myanmarload

  • Leave a Comment