




credit – Myanmarload

Unicode

သူမလိုပဲပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းတဲ့ တူမလေးကို ပွေ့ချီထားပြီး ချစ်မဝဖြစ်နေတဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ အကယ်ဒမီခင်လှိုင်ကတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း ဒါရိုက်တာတစ်ယောက်အဖြစ် ဇာတ်ကားတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ခင်လှိုင်က ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးသူ့ရဲ့သားသမီးနှစ်ယောက်ကလည်း အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။နေရဲနဲ့သဇင်ထူးမြင့်တို့ကလည်း အနုပညာနယ်ပယ်မှာ တက်သစ်စလေးတွေအဖြစ် လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ ဖေဖေကိုယ်တိုင်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ထားသလို ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားတာဖြစ်ပါတယ်။သဇင်ထူးမြင့်က ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး စိတ်သဘောထားလည်းပြည့်ဝတဲ့သူလေးဖြစ်ပါတယ်နော်။ခင်လှိုင်တို့ကတော့ အငယ်ဆုံးလေးဖြစ်တဲ့ သမီးချောလေးသဇင်ထူးမြင့်ကို ချစ်မဝဖြစ်ပြီး အမြဲအလိုလိုက်နေတာဖြစ်ပါတယ်။

သဇင်ထူးမြင့်က အစ်ကိုအကြီးဆုံးကမွေးတဲ့ သမီးလေးတွေကို အရမ်းချစ်ပြီး အမြဲအတူတူဆော့ကစားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း တူမအငယ်ဆုံးလေးရွှေခေတ်က သူမလိုပဲ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့သူလေးပါနော်။သဇင်ထူးမြင့်က မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လျှောက်ကြည့်နေတဲ့ တူမချောလေးကို ဗီဒီယိုရိုက်ထားပြီး ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်။

Source and Video Credit:Thazin Htoo Myint

credit – Myanmarload

  • Leave a Comment