



Source: Zenn Kyi
credit – Yin Khat Pan

Unicode

ဇာတ်ဝင်ခန်းတစ်ခုအတွက် ရောဂါသည် တစ်ယောက်အတိုင်း ကိုယ်အလေးချိန် လျှော့ချခဲ့တဲ့ ပုံတွေကို ချပြလာတဲ့ ဇာဏ်ခီ

ပရိသတ်ကြီးရေ မင်းသားချော ဇာဏ်ခီကတော့ အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိပြီးသားဖြစ်တဲ့ နိုင်ငံကျော်မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်နော်။သရုပ်ဆောင်ပညာကို နိုင်ငံရပ်ခြားမှာ သင်ယူခဲ့ပြီး ဇနီးဖြစ်သူ ခရစ္စတီးနားခီနဲ့ အတူ အနုပညာဖန်တီးမှု အသစ်တွေကို ပြုလုပ်နေတဲ့ သူဖြစ်ပါတယ်။

ဇာဏ်ခီဟာ ချစ်ဇနီးရယ် ချစ်သားလေးရယ်နဲ့အတူ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သူဖြစ်ပါတယ်နော်။ယနေ့မှာတော့ ဇာဏ်ခီဟာ သူရဲ့ ‘ထာဝရနှောင်ကြိုး’ဇာတ်ကားမှာ ပါဝင်တဲ့ဇာတ်ဝင်ခန်းတစ်ခုအတွက် ကိုယ်အလေးချိန်လျှော့ချခဲ့တာကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြထားတာကိုတွေ့ရပါတယ်။

ဇာဏ်ခီက”သီဟရဲ့နေဝင်ချိန်.. #ထာဝရနှောင်ကြိုး #nowandever”ဆိုပြီး ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ ပုံတွေကို ချပြလာတာပဲဖြစ်ပါတယ်နော်။’ထာဝရနှောင်ကြိုး’ဇာတ်ကားကြီးဟာ ရုပ်ရှင်ရုံတွေမှာ ရုံတင်ချိန်ရက်အကြာကြီးနဲ့ စံချိန်တင်ခဲ့ပြီး နိုင်ငံတကာမှာလည်း ပြသခွင့်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ဇာဏ်ခီရဲ့ ဇာတ်ဝင်ခန်းကို ‘ထာဝရနှောင်ကြိုး’ဇာတ်ကားကြည့်ဖူးတဲ့သူတွေသိလိမ့်မယ်ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Zenn Kyi
credit – Yin Khat Pan

  • Leave a Comment