




credit – Myanmarload

Unicode

ပရိသတ်တွေမမြင်ဖူးသေးတဲ့ ဒိန်းဒေါင်ရဲ့အမြွှာသားချောလေးနှစ်ယောက်အားဗီဒီယိုလေးရိုက်ကူးကာမိတ်ဆက်ပေးလိုက်တဲ့ လူရွှင်တော်ချက်ကြီး

ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဟာသပြက်လုံးလေးတွေကို အမြဲပြောလေ့ရှိသူကတော့ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ဟာသလူရွှင်တော်အဖြစ်နဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်​ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အမြဲလှူတန်းနေတာကြောင့်လည်း အမြဲကံကောင်းမှုတွေ ရရှိနေတာပါ။

ဒိန်းဒေါင်ဟာ လတ်တလောမှာလည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေကို ကိုယ်တိုင်သွားရောက်ကာ ကူညီဖြေရှင်းပေးနေတဲ့ ဒိန်းဒေါင်ကိုတော့ ပရိသတ်တွေတင်မကဘဲ အနုပညာရှင် အချင်းချင်းကလည်း ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ ဒိန်းဒေါင်ဟာ သူ့ရဲ့ သားလေးတွေကိုပါ ပရဟိတအလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်ပေးခိုင်းထားတာပါ။

မနေ့ညကလည်း ဟာသလူရွှင်တော်ချက်ကြီးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရုပ်ချင်းအရမ်းဆင်တဲ့ ဒိန်းဒေါင်ရဲ့ အမြွှာသားချောလေးနှစ်ယောက်ကို ခွဲခြားပြနေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Dain Daung

credit – Myanmarload

  • Leave a Comment