



Source: zarni myonyunt

credit – Myanmarload

Unicode

ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ပိုပြီးချစ်စရာကောင်းလာတဲ့သမီးချောလေးမစ်မစ်တုန်ကို အနမ်းတွေပေးနေတဲ့ Rဇာနည်တို့ဇနီးမောင်နှံ

အဆိုတော်Rဇာနည်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး သီချင်းကောင်းလေးတွေများစွာကို သီဆိုလေ့ရှိတဲ့ Rဇာနည်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။

အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို ဇနီးသည်ခဲ့တဲ့ Rဇာနည်ကတော့ ချစ်စရာကောင်းတဲ့ သားလေးချစ်ချစ်တုန်၊ဖစ်ဖစ်တုန်၊မစ်မစ်တုန်တို့ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ Rဇာနည်တို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်မိသားစုလေးဖြစ်ပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်မှာထက်တင်ပေးလေ့ရှိပါတယ်။

Rဇာနည်တို့ဇနီးမောင်နှံကတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ပိုပြီးချစ်စရာကောင်းလာတဲ့သမီးချောလေးကို အနမ်းတွေပေးနေပြီး မွေးနေ့ပွဲလေးကျင်းပပေးခဲ့ပါတယ်။Rဇာနည်ကတော့ ” မစ်မစ်တုန်လေး ၆ လပြည့် မွေးနေ့အမှတ်တရ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Rဇာနည်တို့မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: zarni myonyunt

credit – Myanmarload

  • Leave a Comment