




credit – Myanmarload

Unicode

မျက်နှာချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ချောမောတဲ့ရုပ်ရည်လေးပါအမွေရထားတဲ့ သမီးလေးကိုကြည့်ပြီးချစ်မ၀ဖြစ်နေတဲ့ မေမေချောရတနာ

ပရိသတ်ကြီးရေ….ပေါချောလို့လည်း ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။

ချောရတနာဟာ အခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ချောရတနာဟာမိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်သူဖြစ်တာကြောင့် နောက်ပိုင်းတွင် အနုပညာလှုပ်ရှားမှုနည်းပါးသွားတာလည်းဖြစ်ပါတယ်နော်။

ချောရတနာရဲ့ သားလေးနဲ့သမီးလေးဟာဆိုရင်လည်း မေမေနဲ့ရုပ်ချင်းအရမ်းဆင်ကြပြီး ချောချောလေးတွေပါနော်။ သမီးငယ်လေး CoCoဟာဆိုရင်လည်း မျက်နှာချိုချိုလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်ပြီး မကြာသေးမီက ချောရတနာဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ဆရာမနဲ့” ဆိုတဲ့ captionလေးနဲ့ သမီးငယ်လေးနဲ့ပုံကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and photo credit-Chaw Yadanar

credit – Myanmarload

  • Leave a Comment