




credit – Myanmarload

Unicode

စိတ်ထားကောင်းပြီး အရမ်းရင်းနှီးကာ ချစ်ရတဲ့နေတိုးရဲ့မေမေက သူမဆီကနေ နေကာမျက်မှန်ဝယ်ယူအားပေးလို့ ကျေးဇူးတင်နေတဲ့ အိအိတုန်

သရုပ်ဆောင် အိအိတုန်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ အိအိတုန်က အရည်အချင်းရှိတဲ့သရုပ်ဆောင်ပီပီ ကျရာဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင်ဖန်တီးနိုင်တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အိအိတုန်က အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

အိအိတုန်က Online Shopping လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပြီး အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အဓိကရောင်းချနေတာပဲ ဖြစ်ပါတယ် ။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ အိအိတုန်က အားလုံးနဲ့အဆင်ပြေပြေ ဆက်ဆံတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း နေတိုးရဲ့မေမေ အရီးက အိအိတုန်ဆီကနေ နေကာမျက်မှန်တစ်လက် ဝယ်ယူအားပေးခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် အိအိတုန်က “ကိုနေတိုးမေမေ ခရီးတွေထွက်ရင် အမြဲအတူတကွ စကားတွေပြော ဟိုဝယ်ဒီဝယ် စိတ်တူကိုယ်တူ ချစ်ရတဲ့အရီး မမဗိုက်လေးကို အားပေးထားတာအမြဲတမ်းလည်း အခုထိဖုန်းဆက်ပြီးအားပေးသောချစ်အရီး ကျန်းမာချမ်းသာအမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေချစ်အရီး” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ အိအိတုန်ဆီက အားပေးထားတဲ့မျက်မှန်လေးနဲ့ လှနေတဲ့ နေတိုးမေမေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Ei Tone

credit – Myanmarload

  • Leave a Comment