




credit – Myanmarlaod

Unicode

ဘွားဘွားနဲ့ဦးဦးကို Video Callခေါ်ကာစကားပြောရင်း အသည်းယားစရာကောင်းလောက်အောင် ပြုံးပြုံးလေးလုပ်ပြနေတဲ့ မစ်မစ်တုန်

အဆိုတော် R ဇာနည်ကတော့ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ နေရာတစ်နေရာ ရပ်တည်လျက်ရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အသံပါဝါအားကောင်းကောင်းနဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်းများသာမကဘဲ ပြန်ဆိုတေးများသီဆိုရာတွင်လည်း အားလုံးရဲ့ တစ်ခဲနက် ကြိုက်နှစ်သက် အားပေးနားဆင်ခြင်းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

သူဟာ ချစ်ရတဲ့ ဇနီး ၊ သားသမီးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ သားသမီးသုံးယောက်လုံးရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်ကာ ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း R ဇာနည်ရဲ့ ညီလေး အဆိုတော် M သီဟရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဘွားဘွားနဲ့ဦးဦးကို Video Callခေါ်ကာစကားပြောရင်း အသည်းယားစရာကောင်းလောက်အောင် ပြုံးပြုံးလေးလုပ်ပြနေတဲ့ မစ်မစ်တုန်ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ သူကလည်း ” ကေကေ နဲ့ မစ်မစ် စကားတေပြောနေကြတယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပုံရိပ်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Zarni Myo Nyunt’s and Thiha Myo Nyunt

credit – Myanmarlaod

  • Leave a Comment