





credit – Myanmarload

Unicode

နေ့ခင်းကြောင်တောင် လူစည်တဲ့နေရာမှာတောင် ကြုံတွေ့ခဲ့ရတဲ့လူလိမ်အမျိုးသမီးအကြောင်းကို အားလုံးသတိထားရအောင်ပြောလာတဲ့ စွဲညှို့ရှင်

သရုပ်ဆောင်မင်းသားချောလေး ဟိန်းဝေယံရဲ့ညီမလေးဖြစ်တဲ့ စွဲညှို့ရှင်ကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ် ။ စွဲညှို့ရှင်ဟာဆိုရင် အစ်ကိုဖြစ်သူဟိန်းဝေယံနဲ့အတူ ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သေးတာ ဖြစ်ပါတယ် ။ ‌Photo Shooting တွေလည်း ရိုက်ကူးအောင်မြင်ခဲ့တဲ့ စွဲညှို့ရှင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ စွဲညှို့ရှင်က သူမကြုံတွေ့ခဲ့တဲ့ ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကို ပြန်ပြောပြထားတာ ဖြစ်ပါတယ် ။

စွဲညှို့ရှင်က “Covid ကာလမှာ သတိထားစေချင်လို့ပါ ဒီနေ့တွေ့ကြုံလိုက်ရတဲ့အကြောင်း sharing လုပ်တာပါ ဒီနေ့ center တစ်ခုမှာမုန့်သွားဝယ်တာ car parking နားမှာ မိန်းမတစ်ယောက်နဲ့တွေ့တယ် အသက်ကတော့ (၃၀ – ၄၀ )ကြားပေါ့ သန့်သန့်ပြန့်လေးဝတ်ထားတာ! အဲ့တာနဲ့အနားရောက်လာပြီး သူကညီမလား အစ်မလားမသိဘူးပေါ့ အကူညီလေးတောင်းချင်လို့ပါ သူဖုန်းမှာ bill မရှိတော့လို့ သူ့ကသူငယ်ချင်းဖုန်းဆက်ထားပြီးပြီ သူငယ်ချင်းကလည်းမလာသေးဘူး ဖုန်းခေါ်လို့လည်းမရ အိတ်ထဲမှာ ပိုက်ဆံ (၅၀၀)ပဲကျန်တော့တယ် ဗိုက်ကလည်းဆာနေတယ်ပေါ့ စကားပြောနေရင်းနဲ့ ဘိုလိုတောင်ကြားညှပ်ပြောသေးတာကျွန်မလည်းအဲ့အမျိုးသမီးကိုကြည့်လိုက်တော့ ဖုန်းကိုင်ထားတယ် ပိုက်ဆံအိတ်လည်းပါတယ်(ဒီအမျိုးသမီးက တစ်ခုခုပဲလို့တွေးမိလိုက်တယ်)ဒါနဲ့မပြီးဘဲ သူကထပ်ပြောသေးတယ်သူ taxi ပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ် အိတ်ထဲမှာ ATM card အိမ်သော့ရောပါသွားတယ်ပေါ့ အဲ့တာနဲ့သူအိမ်တံခါးကို ဖျက်ထားလိုက်တယ် ATM card ကိုလည်း Friday က bank သွားပြီ ပိတ်ထားလိုက်ပြီးပြီပေါ့ ( Friday က bank တွေပိတ်တာသူမသိရှာဘူး ) ”

“သူ့အကြောင်းတွေမဆိုင်ဘဲ အကုန်ရှင်းပြနေတာ အမျိုးသမီးကမခေသူတော့ မဟုတ်ဘူး ခပ်တည်တည်နဲ့မေးသေးတာ အနုပညာအသိုင်းဝန်းကလားဆိုပဲ မဟုတ်ဘူးလို့ဖြေလိုက်လို့ဟုတ်ရင် လူကိုဘာလုပ်မလည်းတောင်မသိဘူး! ဒါနဲ့ကျွန်မလည်း ဘေးဘယ်ညာကြည့်ပြီး တစ်ခုခုလုပ်မှာလည်းစိုးရိမ်တာနဲ့ အဲ့အမျိုးသမီးကို စိတ်မရှိပါနဲ့နော်ဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တယ် အဲ့အမျိုးသမီးက ပိုက်ဆံပြန်ဆက်မှာမို့ ဖုန်းနံပါတ်ပေးပါလာတောင်တောင်းတာ ရဲတင်းလိုက်တာနော်မပေးဘဲနဲ့ မြန်မြန် centerထဲ အဝင်ပြလိုက်ပြီး သူ့ကိုကြည့်နေတာ အဲ့အမျိုးသမီးလည်ချက်ကတော့ center ထဲ အင်္ကျီအသစ်တစ်စုံလဲပြီး center ထဲကနေပြန်ထွက်လာတာလိမ်တဲ့သူတွေများ နေ့လည်အလင်းရောင်ရတဲ့အချိန်တောင်လိမ်ရဲကြတာ ဘုရားဘုရား ကိုယ် ကိုယ်တိုင်ခံရမှ ကြောက်တောင်ကြောက်တယ် အပြင်မှာ ဒီလောက်တောင်ဖြစ်နေကျပြီးလား အခုချိန်အသွားအလာဂရုစိုက်ကြပါ ဖြစ်နိုင်ရင် တစ်ယောက်ထဲမသွားပါနဲ့ အိမ်နဲ့နီးတယ်ဆိုလည်းတစ်ယောက်ယောက်ခေါ်သွားပါလို့ အကြံပြုချင်ပါတယ် ” ဆိုပြီး သူမရဲ့အဖြစ်ကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source and Photo Credit-Shwe Sin Win Ko

credit – Myanmarload

  • Leave a Comment