




credit – Myanmarload

Unicode

သာမာန်လူလိုသွားလာလှုပ်ရှားလို့ရတဲ့ အချိန်လေးတွေမလို့ ရွှေတိဂုံဘုရားကို တစ်ပတ်ပတ်ပြီး လမ်းလျောက်ခဲ့ကြတဲ့ စိုးမြတ်နန္ဒာနဲ့စိုးသူ

ပရိသတ်ကြီးရေ အကယ်ဒမီစိုးမြတ်နန္ဒာကတော့ ယနေ့အချိန်ထိတိုင်လှပနုပျိုနေဆဲဖြစ်လို့ ကျက်သရေနဲ့ပြည့်စုံစွာလှပနေတာဖြစ်ပါတယ်။စိုးမြတ်နန္ဒာတို့ညီအစ်မတွေက တစ်ယောက်တစ်မျိုးလှကြပြီး ပရိသတ်တွေလည်း ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်နော်။စိုးမြတ်နန္ဒာကတော့ လက်ရှိမှာဆိုရင် “မင်းသမီးပိုးထည်တိုက်”ကို ဦးစီးနေပြီး ဆိုင်မှာပဲအချိန်ပြည့်နေထိုင်နေတာဖြစ်ပါတယ်။

စိုးမြတ်နန္ဒာကတော့ ဘာသာတရားလည်းကိုင်းရှိုင်းပြီး တရားစခန်းတွေလည်းတစ်ခါတလေ ဝင်ဖြစ်ပါတယ်နော်။တရားဘာဝနာ‌ပွားများလို့ စိုးမြတ်နန္ဒာရဲ့မျက်နှာလေးကလည်း ကြည်လင်အေးချမ်းပြီး အမြဲတမ်းဝင်းပနေတာဖြစ်ပါတယ်။စိတ်သဘောထားလည်းပြည့်ဝပြီး ပျော်ပျော်နေတတ်တဲ့ စိုးမြတ်နန္ဒာက ချစ်သူခင်သူတွေလည်းပေါများပါတယ်နော်။

စိုးမြတ်နန္ဒာက ကျန်းမာရေးလည်းလိုက်စားတာကြောင့် ယခုအရွယ်ထိတောင် လူငယ်လေးတစ်ယောက်လို တက်ကြွလန်းဆန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း စိုးမြတ်နန္ဒာက”မနေ့က အင်းယားကန်ဘောင် ..ဒီနေ့ ရွှေတိဂုံဘုရားကိုတစ်ပတ်ပတ် ..အသွားအပြန် ၈မိုင်ကျော် လျှောက်ခဲ့တယ် ..သာမာန်လူလိုသွားလာလှုပ်ရှားလို့ရတဲ့ အချိန်လေးတွေမလို့ ကျေနပ်မိ … အေးချမ်းပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝ”ဆိုပြီး အေးချမ်းပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source and Photo Credit:Soe Myat Nandar

credit – Myanmarload

  • Leave a Comment